31 - 35

412 31 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၃၁..... ငွေလသစ်တော

  ရှောင်လုံနဲ့ ဖေးဟိုတို့လဲ လူမြင်ကွင်းကနေတဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။

  ဟောင်ပန်က သူတို့သားထွက်သွားတဲ့နေရာကိုကြည့်ပြီး မလှုပ်မရှက်ဖြစ်နေတဲ့ သူ့ဇနီးစုရန်ကိုကြည့်ရင်း သူမဘေးကိုသွားလိုက်ပြိး ပုခုံးကိုကိုင်လိုက်ပြီး လေသံပျော့ပျော့ဖြင့်
" ... ရန်မေ... သားလဲသွားပြီပဲ...  ငါတို့အထဲကိုဝင်ကျစို့လေ.. "

  အဲ့နောက်စုရန်က ခေါင်းညိတ်ပြလိုက်ပြီး ဟောင်ပန်ရဲ့ ဖေးမမှုနဲ့ အတူ ဟောင်ကလန်ထဲကို ပြန်ဝင်လိုက်ကျသည်။

  ရှောင်လုံနဲ့ ဖေးဟိုတို့က ဟောက်ကလန်ကထွက်လာတော့ ပုံမှန်လမ်းကြောင်းအတိုင်း ခရီးမဆက်ဘဲ အနောက်ဘက်တောင်ကိုသွားလိုက်ပြီး တောနက်ထဲကိုတိုးဝင်လိုက်ကျသည်။

  အနောက်တောင်ရဲ့တောနက်ထဲကို လီတရာကျော်ကျော်လောက်လျှောက်လာပြ်ီးတဲ့နောက် သူတို့ ငွေလသစ်တောရဲ့အစပ်နားကိုရောက်လာကျသည်။ ငွေလသစ်တောကြီးက နိုင်ငံဆယ်နိုင်ငံလောက်ပေါင်းတာထက်ကို ပိုကြီးမားကျယ်ပြန့်ပြီးတော့ သားရဲ တိရစ္ဆာန် မျိုးစုံနေထိုင်ကျလေသည်။ ရှောင်လုံလဲ ခရီးဆက်ရင်းနဲ့ မိစ္ဆာသားရဲအချို့ကို အမဲလိုက်ဖို့ဆုံးဖြတ်လိုက်သည်။

  သူ့အရင်သတ်ခဲ့တဲ့ အဆင့်လေးဘာရာစပါးကြီးမြွေကြီးကလဲ ငွေလသစ်တောထဲကပဲမဟုတ်လား ။

  သုံးရက်လောက်ကြာတော့ သူတို့ငွေလသစ်တောထဲကို စတင်ရောက်ရှိလာလေသည်။ ရှောင်လုံကကောင်းကင်ကို မော့ကြည့်ရင်း ကောင်းကင်ကြီးကစတင်မဲမှောင်လာတာကိုမြင်တော့ ဖေးဟိုကို ပြောလိုက်သည် " ... ငါတို့ဒီညဒီနေရာမှာပဲနားကျတာပေါ့..  မနက်ဖြန်ကျမှ ခရီးဆက်ကျမယ်...  "

  ".. ဟုတ်ကဲ့..  ဂိုဏ်းချုပ်..  " ဖေးဟိုကနာခံစွာနဲ့ ပြန်ဖြေလိုက်သည်။

  ရှောင်လုံပုခုံးပေါ်က မျောက်လုံးက တကွိကွိအော်ရင်း အောက်ခုန်ဆင်းကာ လက်ခုပ်တီးလိုက်သည်။ အဲ့ဒါကိုမြင်တော့ ရှောင်လုံက
ပြုံးရင်း " ဟိတ်ကောင်လေး...  မင်းငါတို့စားဖို့ သစ်သီးလေးဘာလေး ဒိနားမှာရှိမရှိ သွားရှာပါလား..  ရှိရင်ယူလာခဲ့ကွာ..  "

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now