616 - 620

165 8 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၁၆ ......

အလင်းဖြာ အမြီးကိုးချောင်း ကျားကြီးသည် နတ်ဘုရား အဆင့် ၅ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည် ။ ထိုကြောင့် မိသားစု တပည့်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကိုခံနေရသော်လည်း အမှန်တကယ် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်ပုံ မပေါ်ပေ။ တကယ်တမ်း အန္တရာယ်တွင်းသို့ ကျရောက်နေသည်မှာ မိသားစု တပည့်များ ဖြစ်ကြသည်။ အလင်းဖြာ အမြီးကိုးချောင်း ကျားကြီး၏ တိုက်ခိုက်မှုအောက်တွင် ဒဏ်ရာရရှိသူ တဖြည်းဖြည်း များလာသည်။

"... ကျူးမိသားစုက လူတွေပါလား ..."

ကျားကြီးနှင့် တိုက်ခိုက်နေကြသူများ၏ ဝတ်စုံကို သေသေချာချာမြင်ပြီးနောက် ရှောင်လုံမျက်လုံးထဲတွင် အလင်းတစ်ခု မှိတ်တုတ် မှိတ်တုတ်လင်းလက်လာသည်။ ကျူးမိသားစုသည်လည်း အနက်ရောင် လိပ်ကြယ်စင်စုအတွင်း၌ရှိသော မဟာထိပ်သီးမိသားစုများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်။ ကျုးမိသားစုက ကျောင်းမိသားစုထက်ပင် ပို၍ အဆင့်မြင့်သည်။

ကျူးမိသားစုဝင် အယောက်နှစ်ဆယ်ကျော်သည် အလင်းဖြာ အမြီးကိုးချောင်း ကျားကြီးကို ဝိုင်းဝန်း၍ တ်ိုက်ခိုက်နေကြသည်။ သူတို့ထဲမှ ခုနှစ်ယောက်သည် နတ်ဘုရား အဆင့် ၅ သိုင်းပညာရှင်များ ဖြစ်ကြပြီး ကျန်လူများက နတ်ဘုရား အဆင့် ၄ အောက်သိုင်းပညာရှင်များသာ ဖြစ်ကြသည်။ သူတို့အားလုံးထဲတွင် နတ်ဘုရားအဆင့် ၅ အလယ်အဆင့် သိုင်းပညာရှင်က အစွမ်းအထက်ဆုံးဖြစ်သည်။

ကျူးမိသားစုဘက်က အရေအတွက်အားဖြင့် အသာရနေသော်လည်း တကယ်တမ်းလက်တွေ့မှာ သူတို့ဘက်တွင် ဒဏ်ရာရရှိသူများသာ ပိုမိုများပြားလာသည်။

ရှောင်လုံက ထိုအခြင်းအရာကိုမြင်ပြီးနောက် အချိန်အတိုင်းအတာ တစ်ခုအထိ ဝင်မပါရန် ဆုံးဖြတ်လိုက်သည်။ သူနှင့် ကျူးမိသားစုကလည်း ပတ်သတ်ဆက်နွယ်မှု မရှိပေ ။ ထိုအပြင် ကျူးမိသားစုက ကျောင်းမိသားစုနှင့် အလွန်ရင်းနှီးသည်။

မကြာခင် အလင်းဖြာ အမြီးကိုးချောင်း ကျားကြီး၏ လက်ချက်ဖြင့် ကျူးမိသားစုဝင် တဝက် နီးပါးခန့် ဒဏ်ရာရရှိသွားသည်။ သူတို့ထဲမှ လေးယောက်က ကျားကြီး၏ လက်သည်းအောက်တွင် တစ်ခါတည်း အသက်ပျောက် သွားကြသည်။ နတ်ဘုရား အဆင့် ၅ သိုင်းပညာရှင် ခုနှစ်ယောက်လည်း အပြင်းအထန်ကြိုးစား၍ ခုခံနေရသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now