441 - 445

183 14 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၄၁ ....

"... ရပ်လိုက်စမ်း ..."

ရှောက်တုံဂျန်ဆီမှ ဒေါသတကြီးအော်သံထွက်ပေါ်လာသည်။ နို့နံမစင်သေးသော လူငယ်လေးတစ်ယောက်က သူ့ကိုခြိမ်းခြောက်ရဲတာမြင်တော့ ရှောက်တုံဂျန်က အရမ်းကိုဒေါသထွက်သွားသည်။

သို့သော် ကျူးဝူဂျိက သူ့ထက်ပိုမြန်သည်။ ကျူးဝူဂျိက ရှောက်တုံဂျန်ကို တားလိုက်၏ ။

"...  ခဏနေပါအုံး ..."

ရှောက်တုံဂျန်က ဝေခွဲမရသောမျက်နှာထားဖြင့် လှည့်ကြည့်လိုက်သည်။ ကျူးဝူဂျိက ရှင်းပြလိုက်သည်

"... အကိုရှောက် ... ဒီလို ငစနူလေးလေးကို ပညာပေးဖို့ အလောတကြီးလုပ်စရာမလိုပါဘူး ..."

ဤနေရာက ရွှေအိမ်တော်ကုန်သည်အဖွဲ့၏ဋ္ဌာနချုပ်ထဲတွင် ဖြစ်သည်။ အကယ်၍ တိုက်ပွဲသာဖြစ်ပွားခဲ့မယ်ဆိုရင် ရွှေအိမ်တော်ကုန်သည်အဖွဲ့၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်တာကြောင့် ကျူးဝူဂျိက တားဆီးလိုက်ခြင်း ပင်။

ရှောက်တုံဂျန်က ကျူးဝူဂျိ စိတ်ပူနေသည့် အချက်ကို သဘောပေါက်သွားပြီး ဒေါသကိုလျော့ချလိုက်သည်

".. ကောင်းပြီလေ ... ခင်ဗျားမျက်နှာထောက်ပြီး ဒီကောင်ကို အချိန်နည်းနည်းလောက် အသက်ရှင်ခွင့် ပေးထားလိုက်အုံးမယ် ..."

ကျူးဝူဂျိက ပျောက်ကွယ်သွားသည့် ရှောင်လုံနောက်ကျောကို ကြည့်လိုက်သည်။ ရှောင်လုံစကားထဲက ခြိမ်းခြောက်မှုအချို့ကို သူလည်းခံစားမိလေသည်။ သို့သော် ကြမ်းတမ်းသော သိုင်းလောကထဲတွင် အောင်မြင်သော ကုန်သည်အဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားနိုင်ခဲ့သူတစ်ယောက်ဖြစ်သည် ကျူးဝူဂျိက ခြောက်တိုင်းကြောက်တတ်သူတစ်ယောက်တော့ မဟုတ်ပေ ။

"... ဒါပေမယ့် အကိုရှောက် ...ဒိကောင်လေးရဲ့ နောက်ခံက ပေါ့သေးသေးတော့ မဟုတ်လောက်ဘူးနော်...."

ကျူးဝူးကျိက တည်ကြည်စွာဖြင့် ပြောလိုက်သည်။
အဆင့်မြင့် နတ်ဘုရားအဆင့် ဆေးလုံးကိုးလုံးကို တစ်ပြိုက်နက်ထဲ ထုတ်ယူနိုင်တယ်ဆိုကတည်းက
ထိုသူ၏ အဆင့်အတန်းကို ခန့်မှန်းကြည့်နိုင်သည်။
ထိုပြင် ထိုလူငယ်က ရှောက်တုံဂျန်နှင့် သူအကြောင်းကိုသိနေတာတောင်မှ မသိမသာခြိမ်းခြောက်သွားရဲတယ်ဆိုသည့်အချက်က ကျူးဝူးဂျိကို စဉ်းစားသွားစေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now