681 - 685

167 11 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၈၁  ..... မင်း အဲ့ဒီအခွင့်အရေးကို ရမှာမဟုတ်တော့ဘူး

ရှောင်လုံက သူ့စကားဆုံးသည်နှင့် နောက်တစ်ကြိမ် ထပ်နင်းလိုက်ပြန်သည် ။ သို့သော် ထိုမျှနှင့်ပင်  မကျေနပ်သေးသည်မို့ နတ်တောင် ရွှမ်းမီကိုပါ ဆင့်ခေါ်လိုက်လေသည် ။ ရှောင်လုံက နတ်တောင် ရွှမ်းမီကို သူ့လက်နှစ်ဖက်နှင့် ကိုင်နိုင်သည်အထိ ကျုံ့သွားစေလိုက်သည်။ ထိုနောက်  ရွှမ်းမီနတ်တောင်ကိုကိုင်ပြီး လီကျားယုံ၏ မွေးရာပါ ညီငယ်လေးအပေါ်သို့ အားကုန် ဆောင့်ချလိုက်၏။

လီကျားယုံသည် သေခြင်းနှင့် ရှင်ခြင်းကြား အခြေအနေတွင် ရပ်တန့်နေသည် ။ သူ့ပါးစပ်မှ အော်ဟစ်သံများက  အဆက်မပြတ် ထွက်ပေါ်လာနေပြီး ကျယ်လောင်သည့် အော်ဟစ်သံနှင့် အားနည်းသော ညည်းညူသံများက ကျောက်တုံးခန်းမဆောင်ထဲတွင် ပဲ့တင်ထပ်နေသည်။

ထိုအသံကို ကြားလိုက်ကြရသည့် အပြင်ဘက်မှ အထူးတပည့်များမှာ ကြက်သီးမွေးညင်း များပင် ထောင်ကုန်ကြရသည်။

အထူးတပည့် အနည်းငယ်ကမူ သူတို့စိတ်ထဲရှိ သိချင်စိတ်ကို ထိန်းမထားနိုင်တော့ဘဲ အတွင်းဘက်ခန်းမနားဆီသို့ ခိုးကြောင်ခိုးဝှက် သွားလိုက်ကြသည် ။ ထို့နောက် သူတို့လည်ပင်းကို ဆန့်၍ ကျောက်တုံးခန်းမထဲသို့ တစ်ချက် ခိုးကြည့်လိုက်သည်။

လီကျားယုံ၏ ငယ်ပါကို ရွှေရောင်တောင်ကုန်းငယ်လေးက အကြိမ်ကြိမ် ထုရိုက်နေသည်ကို မြင်လိုက်ရချိန်မှာတော့ သူတို့အားလုံး၏ အမူအရာများက အေးစက် တောင့်တင်း သွားကြသည်။

ခဏကြာပြီးနောက် ရှောင်လုံလည်း သူ ရပ်တန့်ရ မည့် အချိန်ရောက်ပြီဟု ခံစားမိလိုက်သည်။ ရှောင်လုံက နတ်တောင်ရွှမ်းမီကို ပြန်လည် သိမ်းဆည်း လိုက်ပြီး  ထွက်မသွားခင်တွင် လီကျားယုံအား အေးစက်စက် စိုက်ကြည့်လိုက် သည်။

" စုန်းမအိုကြီး ဝမ်နာက တက္ကသိုလ်ကျောင်းအုပ်ကြီး နေရာကို အောင်အောင်မြင်မြင် ရလာလိမ့်မယ်လို့ တသမတ်တည်း တွေးမနေနဲ့ ...သူမအလှည့် မရောက်သေးဘူး... ခင်ဗျားမျက်နှာကို နောက်တစ်ကြိမ် ထပ်မတွေ့ရစေနဲ့ ...မဟုတ်လို့ကတော့ ကျုပ် ခင်ဗျားကို တွေ့တိုင်း ခင်ဗျား ငယ်ပါကို အမှုန့်ကြိတ်ပြစ်မယ် "

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Nơi câu chuyện tồn tại. Hãy khám phá bây giờ