286 - 290

239 18 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၈၆ ......

ချိုင်ဒိုဂျီကတော့ ထွက်သွားသည့် ကှောင်လုံကိုကြည့်ရင်း ခပ်မဲ့မဲ့ပြုံးလိုက်လေသည် ။

"... ဟောင်ရှောင်လုံဆိုတာ မင်းပေါ့လေ...?"

သူ့မျက်လုံးထဲမှာ အေးစက်စက်အလင်းတန်းတခုက ဖျက်ခနဲလက်သွားလေသည် ။ ချိုင်လီနှင့်တခြားလူတွေကတော့ ရှောင်လုံထွက်ခွာသွားတာကိုကြည့်နေကြတာမို့ ဒိုဂျီ၏ ထူးဆန်းသည့်အပြုအမူကို သတိမထားမိလိုက်ချေ ...။

ထိုအချိန်၌ ဒိုဂျီက ချိုင်လီအနားသို့ကပ်လာပြီး

".... လီလီ ... ဒီကောင်မျက်လုံးတွေက မူမမှန်ဘူးနော် ... ဒီပုံစံကိုကြည့်ရတာ ကောက်ကျစ်တဲ့မြေခွေးတကောင်လိုပဲ .... နင်သူနဲ့နောက်ထပ် မဆက်သွယ်တော့ရင်ကောင်းမယ် ...."

ချိုင်လီက  ဒိုဂျီအား ခပ်မာမာစိုက်ကြည့်လိုက်လေသည် ။ ချိုင်လီတကယ်ကိုဒေါသထွက်လာမှန်းသိတော့ ဒိုဂျီက ဆက်မပြောရဲတော့ပေ ...။

ထိုအချိန်တွင် ရှောင်လုံက တည်းခိုဆောင်မှ သူ့အခန်းထဲသို့ ပြန်ရောက်နေပြီပဲ ဖြစ်သည်။
အခန်းထဲကိုရောက်တာနဲ့ ရှောင်လုံက ဗုဒ္ဓနတ်တွင်းရေတစက်ကိုသောက်သုံးကာ အတွင်းအားလေ့ကျင့်စဉ်တွေကို စတင်လိုက်တော့သည် ။

ရှောင်လုံတယောက် အတွင်းအားလေ့ကျင့်ခန်း၌ အာရုံစိုက်နေစဉ် ဆေဘာအင်ပါကာမြို့တော်နှင့် သိပ်မဝေးသော မြို့တမြို့မှ လျှို့ဝှက်မြေအောက်ခန်းအတွင်း၌ နက်မှောင်မဲနက်နေသည့် ဝတ်စုံကိုဝတ်ဆင်ထားသည့် လူငယ်တယောက်
ထိုင်နေသည် ။ သူမှာ အစိမ်းရောင်ဖျော့ဖျော့ မျက်ခုံးမွှေးတွေရှိသည် ။ သူက သူ့အရှေ့မှာ ဒူးထောက်နေသည့် သတ်လတ်ပိုင်းအရွယ်လူကြီးအား အေးစက်စက်စိုက်ကြည့်နေသည် ။

လူငယ်ဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်စုံ၏ ရင်ဘတ်နားမှာ အဆိပ်ဆိုသည့် စာလုံးကို သိသာထင်ရှားစွာ ရေးထိုးထားလေသည်။

"...  မာလိုင်တို့က ချိုင်မိသားစုက အမျိုးသမီးတွေကို ခေါ်မလာနိုင်တဲ့အပြင် သူတို့ကိုယ်တိုင်လဲ အသတ်ခံလိုက်ရတယ် ခင်ဗျားဆိုလိုချင်တာလား ...?"

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now