726 - 730

163 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
 
အပိုင်း-၇၂၆ ..... အောက်ပိုင်းရေခဲနန်းတော်ကိုအမြစ်ဖြတ်သုတ်သင်ခြင်း

ရှောင်လုံ၏ ခိုင်မြဲစွာဆုတ်ကိုင်ထားမှုကြောင့် ပိုးစာပင်ဓားသည် တုန်ခါလာပီး မျှော်လင့်စောင့်စားနေထိုင်ရသည်။ ရှောင်လုံရှေ့သို့ ပျံသန်းရောက်ရှိလာသော အောက်ပိုင်းရေခဲနန်းတော်၏ သိုင်းပညာရှင်များသည် လောက၀တ်စကားများ ဆိုမနေပေ။များပြားလှသည့်ဓားချည်များကို ထုတ်လုပ်လွှတ်လိုက်လေပြီး တဖက်လူဆီမှ သိုင်ပညာရှင်တိုင်းဆီသို့တိုး၀င်သွားလေသည် ။ 
    
  အောက်ပိုင်းရေခဲနန်းတော်၏သိုင်းပညာရှင်အုပ်စုသည် လေထုထဲတွင်တောင့်ခဲသွားကြသည်။ သူတို့၏မျက်လုံးများသည်တွေဝေသွားကြပြီး မိမိတို့၏ခန္ဓာကိုယ်အားပြန်ကြည့်လိုက်ကြပြီးနောက် တစ်ခဏတွင် လေထုထဲမှ ထိုးကျလာကြသည် ။
  

ထိုနေရာရှိအခြေအနေသည်ချက်ချင်းဆိုသလို အနီးနားရှိ အခြားအောက်ပိုင်းရေခဲနန်းတော်သိုင်းပညာရှင်များ၏ အာရုံကိုဆွဲဆောင်မိသွားလေသည် ။ အရပ်မျက်နှာအနှံ့ဆီမှ ဒေါသတကြီးအော်ဟစ်သံများသည် ပဲ့တင်ထပ်သွားကြပြီး သူတို့က ရှောင်လုံဆီသို့ပျံသန်းတိုက်ခိုက်လိုက်ကြသည် ။

ရှောင်လုံက အဖက်မလုပ်သည့်အမူအရာဖြင့် ရှိနေပြီး သူတစ်ချက်လှုပ်လိုက်သည်နှင့် သူ၏ပုံရိပ်က ဝေဝါးသွားသည် ။

လှုပ်ရှားမှုတိုင်းတွင် သူ့လက်ထဲရှိ ပိုးစာပင်ဓားသည် သွေးမိုးများကိုဖြစ်တည်သွားစေပြီး ၀မ်းနည်းဖွယ်ရာ ငိုကြွေးသံများက လှိုင်းလုံးများသဖွယ် လိုက်ပါလာသည် ။

ခဏကြာပြီးနောက် ပင်လယ်ပြင်သည် သွေးအနီရောင်သန်း သွားလေတော့သည် ။ အော်ဟစ်သံများရပ်တန့်သွားပြီးနောက် ရင်ထိတ်ဖွယ်ရာ အေးစက်စက်လေထုသည်သာ တိတ်ဆိတ်စွာ ကျန်နေခဲ့သည် ။

     အားလုံးကိုသတ်ဖြတ်လိုက်ပြီးနောက် ရှောင်လုံက အလောင်းများကို အဇူရာလက်စွပ်ထဲသို့ ထည့်လိုက်သည်။ တစ်ခဏအတွင်း အဇူရာ လက်စွပ်ထဲရှိ အလောင်းအရေအတွက်သည် ထောင်ပေါင်းများစွာသောစကြာ၀ဠာအဆင့်သိုင်းပညာရှင်များနှင့် နတ်ဘုရားအဆင့် သိုင်းပညာရှင် အယောက်နှစ်ဆယ်၏ အလောင်းများ ထပ်မံ တိုးပွားလာသည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now