161 - 165

319 27 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း၁၆၁  ..... ဟောင်ရှောင်လုံကို မလွတ်စေနဲ့

"... ဟုတ်တယ်... "
ရှောင်လုံက သိပ်ပြီးဂရုမစိုက်တဲ့လေသံဖြင့် ပြန်ဖြေလိုက်သည် ။
စွင်းရှန်းလဲ ရှောင်လုံပြန်ဖြေတာကိုကြားပြီး တုန်တက်သွားကာ အိမ်တော်ထိန်းကြီး လူဝမ်နဲ့ မြို့စောင့်စစ်သားတွေရှေ့မှာပဲ ရုတ်တရက် ဒူးထောက်ချလိုက်သည်
"... ကျွန်တော်မျိုးသေသင့်ပါတယ်...  ကျွန်တော်မျိုးကြီး ခနလောက်အာရုံရှုတ်ထွေးသွားတာမို့လို့ သခင်လေးဟောင်ရှောင်လုံကို မမှတ်မိဘူးဖြစ်သွားတာပါ....  သေသင့်ပါတယ်.. ကျွန်တော်မျိုးသေသင့်ပါတယ်... "
စွန်းရှန်း ပါးစပ်ကနေ စကားတောင်သေသေချာချာ မပြောနိုင်တော့ပဲ
ပလုံးပထွေး စကားတွေရေရွတ်နေလေသည် ။

သူပြောပြီးတာနဲ့ စွင်းရှန်က သူ့ပါးကိုဘယ်ပြန်ညာပြန်ရိုက်ချလိုက်သည် ။ ခနလောက်အကြာမှာ သူ့နှုတ်ခါးထောင့်ကနေ သွေးတချို့ စီးကျလာ၏ ။

မြို့စောင့်စစ်သည်တွေနဲ့ အိမ်တော်ထိန်း လူဝမ် လဲ သူ့တို့ရဲ့ မြို့တော်ဝန် စွင်းရှန်းဖြစ်ပျက်နေသော အမူအရာကိုကြည့်ရင် ရူးသွပ်မတတ်ကို ဖြစ်ကုန်ကြသည် ။

သခင်လေး ဟောင်ရှောင်လုံ ...ဟုတ်လား... ?

အိမ်တော်ထိန်းလူဝမ်နဲ့ စစ်သည်တွေက ရှောင်လုံကို အံသြတကြီး ကြည့်လိုက်ကြ၏ ။  သူတို့ထဲ ဘယ်သူကမှ ရှောင်လုံကိုမြင်ဘူးခဲ့ခြင်းမရှိပေ ...။ ဒါပေမယ့် သူတို့မြို့တော်ဝန်၏ အမူအရာကို အကဲခတ်လိုက်ရုံနဲ့ ဒီပြသနာက ဘယ်လောက်ထိကြီးမားတယ်ဆိုတာကိုတော့ သူတို့စိတ်ထဲမှာ ခန့်မှန်းနိုင်လေသည် ။

လူဝမ်နဲ့ အစောင့်စစ်သားတွေလဲ မြို့တော်ဝန် စွင်းရှန်း ကဲ့သို့ အလျင်အမြန်ဒူးထောက်လိုက်ကြကာ အသက်ပြင်းပြင်းမရှုရဲသလိုတောင် ဖြစ်ကုန်ကြသည် ။

ရှောင်လုံက ကြမ်းပြင်မှာ ပြားပြားဝပ်ဒူးထောက်နေသော စွင်းရှန်းကိုကြည့်လိုက်ကာ
"... မင်းအပြစ်မဟုတ်ပါဘူး.. မတ်တပ်ရပ်ပါ... "

အဲ့ကျမှ သူ့ပါးသူဘယ်ပြန်ညာပြန်ရိုက်နေသော စွင်းရှန်းက သူ့ကိုယ်သူအပြစ်ပေးနေတာကို ရပ်လိုက်ကာ ရှောင်လုံကို ကျေးဇူးတင်စကားဆိုလိုက်၏ ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now