871 - 875

145 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၇၁ ..... ယွဲ့ဝူယဲ့

ထိုလူငယ်က နန်းတော်ဝင်ပေါက်သို့ ရောက်ရှိလာချိန်တွင် ခန်းမထက်၌ လှည့်ပတ်ပျံသန်းနေသော လျှပ်စီးနဂါး၏ ကျိုးပဲ့နေသော အရိုးများကို ပူလောင်ပြင်းပြနေသော အကြည့်ဖြင့် ကြည့်လာလေသည်။ ထို့နောက် သူက အရူးအမူး ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

"မွှေးရနံ့ကို ထုတ်ပေးနေတယ် ဆိုမှတော့...ဒါက သေချာပေါက် ကောင်းကင်ဘုံနတ်ဘုရားအဆင့် လျှပ်စီးနဂါးရဲ့ အရိုးတွေပဲ ဖြစ်ရမယ်...ပစ္စည်းကောင်းပဲ...တကယ့်ကို ပစ္စည်းကောင်းပဲကွာ...ဒီ လျှပ်စီးနဂါးရိုးတွေကိုသာ စုပ်ယူသန့်စင်လိုက်မယ်ဆိုရင်...ငါက ငါ့ရဲ့ အမှောင်နတ်သူငယ် ခန္ဓာကိုယ် ကို ပြည့်စုံတဲ့အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်သွားလိမ့်မယ်"

သူ့စကားဆုံးသည်နှင့် ထိုလူငယ်သည် စိတ်ထဲရှိ ပျော်ရွှင်ဝမ်းမြောက်မှုကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် သူက ခေါင်းမော့ကာ အားပါးတရ ရယ်မောလိုက်လေသည်။

ထို လျှပ်စီးနဂါး အပိုင်းအစများသည် သူ့အပိုင် ဖြစ်သွားသည့်နှယ် ထိုလူငယ်က ပြုမူနေပေသည်။ သူ့ဘေးရှိ ရပ်နေသောလူကိုမူ လုံးဝ လျစ်လျူရှုထားသည်။

ရှောင်လုံကမူ ခံစားချက်မဲ့စွာ ရပ်နေဆဲ ဖြစ်သည်။ သို့သော် ဤနန်းတော်ခန်းမထဲတွင် ကောင်းကင်ဘုံနတ်ဘုရားအဆင့် လျှပ်စီးနဂါး တစ်ကောင်၏ အရိုးများ ရှိနေခြင်းသည် သူ့ကို အံ့အားသင့် ပျော်ရွှင်သွားစေသည်။

ထိုလူငယ် ပြောသကဲ့သို့ပင် လျှပ်စီးနဂါးအရိုးများသည် တကယ့်ကို ကောင်းမွန်လှသော ပစ္စည်းများ ဖြစ်ပေသည်။ ရှောင်လုံသည်သာ ၎င်းတို့ကို သန့်စင်နိုင်ခဲ့မည်ဆိုလျှင် သူ့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အလွန်တရာ တိုးတက်လာမည်သာမက ထိုအရိုးများထဲရှိ လျှပ်စီးနိယာမကို နားလည် သဘောပေါက်ကာ သူ့၏ ခွန်အားသည်လည်း တိုးတက်လာနိုင်ပေသည်။

ထိုလူငယ်က ခဏကြာမှသာ ရှောင်လုံကို သတိထားမိသွားသည်။

"မဟာနတ်ဘုရားအဆင့် ၂ အလယ်အလတ်အထွတ်အထိပ်အဆင့်လား...ကောင်လေး...မင်းက ငါ့ကို ဒီ လျှပ်စီးနဂါးအရိုးတွေ ရှိတဲ့နေရာဆီ လမ်းပြပေးခဲ့တာဆိုတော့...ငါ မင်းကို အသက်ချမ်းသားပေးလိုက်မယ်...ဒီနေရာကနေ အခုချက်ချင်း ထွက်သွားလိုက်စမ်း"

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now