6 - 10

458 32 0
                                    

ပြိုင်ဘက်ကင်း သိုင်းဝိညဉ် ( Invincible)

အပိုင်း(6)......... ငါ့ကိုတောင်းပန်လို့လဲ အလကားပဲ!

      အခန်းထဲမှာထိုင်နေကျရင်းနဲ့ ဟောင်ဝူက ဟောင်ပန်နဲ့ ဟောင်ရှောင်လုံတို့လာလည်တာ ရုတ်တရက်ကြ်ီးဖြစ်နေပင်မယ့် ဟောင်ပန်တို့ဝင်လာတာကို ထိုင်နေလျက်ပဲ အေးစက်စက်ကြည့်နေလိုက်သည်။ "ဒုတိယ သခင်လေး " ဟောင်ပန်ဝင်လာတာကိုတွေ့လိုက်တော့ ဇောင်ဂန်နဲ့ ဇောင်ရှုဒေါင်တို့က မတ်တပ်ထပြီးနှုတ်ဆက်ကျသည်။ သူတို့ကတော့ ဟောင်ဝူလိုထိုင်မနေရဲဘူးလေ ။ ဟောင်ပန်က ဇောင်သားအဖကို ခေါင်းညိတ်ပြပြီး နှုတ်ဆက်လိုက်တာ ဟောင်ဝူကို ကြည့်ပြီးခေါ်လိုက်သည် "အကိုကြီး" ။

   ရှောင်လုံလဲ အရှေ့ထွက်ပြီး နှုတ်ဆက်လိုက်သည် "ဘဘကြီး "
ဟောင်ဝူရဲ့ မျက်နှာထားက မျက်နှာသေနဲ့ ပုံမှန်ဖြစ်နေပြီးတော့ ပြောလိုက်သည် " ညီနှစ်.. လာဒိမှာထိုင်"။ ဟောင်ပန်နဲ့ ရှောင်လုံတို့လဲ ထိုင်ခုံမှာထိုင်လိုက်သည်။ အဲ့နောက်ဟောင်ပန်က ဟောင်ဝူကို ရှောင်လုံအတွက်ဘယ်လိုတောင်းဆိုပေးရမလဲဆိုတာကို စဉ်းစားလိုက်သည်။

" ညီနှစ်... မင်းကဘာကိစ္စနဲ့ လာတာလဲ" ဟောင်ဝူကမေးလိုက်သည်။ ဟောင်ပန်က ခနလောက်တုန့်ဆိုင်းပြီးတော့မှ   " အကိုကြီး... ဟောင်ဝေ က မိသားစုသိုင်းပြိုင်ပွဲကျရင် ရှောင်လုံ လက်တွေကို သုံးစားမရအောင်လုပ်ပြစ်မယ်လို့ပြောတာကို ကြားတယ်..  ဒါကြောင့်... "

" အိုး......ဒီလိုကိစ္စမျိုး ရှိသလား " ဟောင်ဝူက ထူးဆန်းတဲ့ပုံစံနဲ့မေးလိုက်သည်။ ရှောင်လုံက သူ့ဦးလေးရဲ့ အံသြတဲ့ပုံစံလုပ်နေတာကိုကြည့်ရင်းနဲ့ စိတ်ထဲက လှောင်ပြုံးပြုံးလိုက်ပြီးတော့ သူ့အဖေတောင် ဒီကိစ္စကို သိတယ်ဆိုရင် သူတို့ ခြံဝန်းတခုလုံးသိနေတဲ့ ကိစ္စကို သူ့ဦးလေးက မသိစရာအကြောင်း မရှိဘူးမလား။

   ဟောင်ဝေကလဲ မျက်နှာသေလေးနဲ့ မျက်တောင်မခတ်ပဲ ပြန်ဖြေလိုက်သည်  " အဲ့လိုကိစ္စမျိုး မရှိပါဘူး " ။ အဲ့နောက် ရှောင်လုံကိုကြည့်ရင်းနဲ့ " ကျွန်တောင် အထင်တော့ လူတွေက တမင်သတ်သတ် ကျွန်တော်တို့ မြောက်ဘက်ခြံဝန်းကို ဒုက္ခရောက်စေချင်လို့ တမင်ချဲ့ကားပြောနေကျတာနေမှာပါ " ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now