586 - 590

183 10 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၈၆ .......

လျှိုယွင်က ရှောင်လုံကို တစ်ချက်စိုက်ကြည့်ပြီးနောက် ပြုံးရင်းခေါင်းခါလိုက်သည်။

".... ကောင်လေး မင်းဘယ်လို သိုင်းကျင့်လဲဆိုတာတော့ ငါမသိဘူး ... မင်း တကယ်ထူးချွန်တာတော့ ငါဝန်ခံပါတယ် ...မင်းလို လူထူးလူဆန်းမျိုးနဲ့ ယှဉ်ရင် ငါက မြေကြီးပေါ်က ရွံ့သာသာ အဆင့်လောက်ပဲ ရှိတာပါ .... ဒါနဲ့ ဆရာက မင်းကို တစ်ခုပြောခိုင်းလိုက်သေးတယ် .... ဒီလိုကွာ အခုတစ်ခေါက်လာမဲ့ ငါးနှစ်ကြာရင်ကျင်းပမဲ့ အတွင်းစည်းကျောင်းသားတွေရဲ့ ပြိုင်ပွဲက အရင်အခေါက်တွေထက် ပိုပြီးထူးခြားမယ်လို့ပြောတယ်...."

အပြင်စည်းကျောင်းသားပြိုင်ပွဲများကို သုံးနှစ်တစ်ကြိမ်ကျင်းပပြီး အတွင်းစည်းကျောင်းသားပြိုင်ပွဲများကို အနှစ် သုံးဆယ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိသည်။  အတွင်းစည်း ကျောင်းသားပြိုင်ပွဲကို အချိန်ငါးနှစ်လိုနေသေးသည်။

ရှောင်လုံလည်း ပြုံးရင်းပြန်မေးလိုက်သည်။

"... ဘာထူးခြားတာလဲ အကိုကြီး ဆုတွေကို နှစ်ဆတိုးပေးထားတာလား ...?"

ရှောင်လုံစကားကြောင့် လျှိုယွင်က ရယ်မောလိုက်သည်

".... ငါလည်းသေချာတော့မသိဘူးကွ ... အဲ့လ်ိုဖြစ်ဖို့တော့များတယ် .... ဆရာပြောတာကတော့ ဒိတစ်ကြိမ်ကျင်းပမဲ့ အတွင်းစည်းကျောင်းသားတွေရဲ့ ပြိုင်ပြွဲကရင် မိုးပြာရောင် နဂါး တက္ကသိုလ်က ကျောင်းသားတွေလည်း လာလိမ့်မယ်တဲ့ ... အချင်းချင်း သိုင်းဖလှယ်ကြမယ်လို့ ကြည့်ကောင်းအောင် ပြောကြတာပေါ့ကွာ ....တကယ်တော့ အဲ့ဆလာက်မရိုးရှင်းဘူး .... သူတို့က မင်းကို ပစ်မှတ်ထားလိမ့်မယ် ..."

အနက်ရောင် လိပ် ကြယ်စင်စုတွင် အကောင်းဆုံး တက္ကသိုလ်အဖြစ် အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရှိပြီး မိုးပြာရောင် နဂါး ကြယ်စင်စုတွင် မိုးပြာရောင် နဂါး တက္ကသိုလ် ရှိသည် ။
ရှောင်လုံလည်း အံ့သြသွားသည်။

"... ကျွန်တော်ကို ပစ်မှတ်ထားမယ် ဟုတ်လား...?"

ရှောင်လုံက မျက်မှောင်ကြုတ်သွားသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now