406 - 410

185 20 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၀၆

ရှောင်လုံမျက်နှာကတော့ ပုံမှန်အတိုင်း တည်ငြိမ်နေပြီး

".... အိုး ...ကျုပ်ကဘာကြောင့် မလာရဲရမှာလဲ ...?"

ရှောင်လုံ၏ တုန့်ပြန်စကားသံကြောင့် လီမိုလင်မျက်လုံးထဲက လူသတ်ချင်စိတ်တွေက ပိုမိုပြင်းထန်လာလေသည် ။ သို့သော် သူမက အေးစက်စက်ပြုံးလိုက်ပြီး

".... ဟောင်ရှောင်လုံ .... နင်ဆီမှာ အဆိပ်နောက်ချေးပိုးလေးတွေ ရှိနေလို့ နင်ကိုယ်နင် တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာလား ... ? အခုငါတို့က နတ်နဂါးချပ်ဝတ်တန်ဆာတွေကို ဝတ်ထားတာ
နင့်ရဲ့ အဆိပ်နောက်ချေးပိုးတွေက ငါတို့ကိုဘာမှ မလုပ်နိုင်တော့ပါဘူး ....."

"... ဟုတ်ပါ့မလား ...."

ရှောင်လုံက ခနဲ့တဲ့တဲ့ အသံဖြင့် ခပ်ငေါ့ငေါ့ ပြောလိုက်သည် ။

".... ဟောင်ရှောင်လုံ ...မင်းဆီမှာရှိနေတဲ့ နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်နဲ့ ပကတိစိတ်ဝိညာဉ်ပုလဲတွေကို အခုချက်ချင်းထုတ်ပေးစမ်း ...."

လီမိုလင်နံဘေးမှာရှိနေသည့် လွေယန်က ရုတ်တရက်ဝင်ပြောလိုက်သည် ။

".... မင်းထွက်ပြေးဖို့ကြိုးစားနေတယ်ဆိုရင်တော့ ငါမင်းကို တစ်ခုပြောလိုက်မယ် .... ငါတို့က ဒီနေရာတစ်ခုလုံးက လေဟာနယ်တွေကို ရွှေပိုးချည်ကောင်ရဲ့ အမျှင်နဲ့ ပိတ်ဆို့ထားပြီးပြီ ... မင်းနှောင်ဖွဲ့ခြင်း နတ်ဘုရား လက်စွပ်နဲ့ ပကတိစိတ်ဝိညာသ်ူပုလဲတွေကို ထုတ်ပေးမယ်ဆိုရင် ငါမင်းကို သက်သက်သာသာသေခွင့်ပေးမယ်...."

ရွှေပိုးချည်ကောင်၏ အမျှင်က ရှားပါးသော စိတ်ဝိညာဉ်ဆိုင်ရာ ပစ္စည်းတစ်ခုဖြစ်ပြီး သူက လေဟာနယ်ဆက်သွယ်မှုကို ဖြတ်တောက်နိုင်သည့် အစွမ်းသတ္တိထူးကို ပိုင်ဆိုင်ထားသည် ။ စကြာဝဠာသိုင်းပညာရှင်တစ်ယောက်က လေဟာနယ်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်သော်လည်း သူတို့ရှိနေသောနေရာတစ်ဝိုက်မှာ လေဟာနယ်ဆက်သွယ်မှု ပြတ်တောက်နေခဲ့လျှင် သူတို့လည်း ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ပေ ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now