386 - 390

216 18 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၈၆ .....

ရှီရှောင်ဖေး၏ မျက်နှာလေးကိုကြည့်နေရင် ငြင်းကခက်နေမှာစိုးလို့ ရှောင်လုံက တစ်ဖက်သို့လှည့်ကာ အပြတ်ငြင်းလိုက်သည် ။ သို့သော် အလှနတ်သမီးလေး ချစ်စဖွယ် စိတ်ဆိုးနေတာကိုကြည့်ရင်း ရှောင်လုံ ရင်ထဲမှာပဲ ကျိတ်ရယ်လိုက်သည် ။  ရှဲပူတိကိုလည်း သတိရသွားလေသည် ။
အင်း သူပြောတဲ့ အလှနတ်ဘုရားမလေး ပြောတာကို ငါငြင်းလိုက်တာကိုသာ ရှဲပူတိသိရင် အဲ့ကောင်တော့ရင်ထုမနာဖြစ်နေတော့မှာပဲ ......!

အချိန်တွေက စမ်းရေတွေကဲ့သို့ တသွင်သွင်စီးဆင်းသွားပြီး မြင့်မြတ်သောဗုဒ္ဓနန်းတော်အတွင်း ရှောင်လုံ နေထိုင်ဖို့ ဆုံးဖြတ်ထားသော သုံးရက်ကလည်း အချင်အမြန် ပြည့်သွားသည်။
ရှောင်လုံက နန်းတော်အတွင်း နေထိုင်စဉ် သုံးရက်အတွင်း မနက်ပိုင်းတွင် ရှီဖန်ထျန်နှင့် သိုင်းပညာပိုင်းဆိုင်ရာတွေကို ဆွေးနွေးကြပြီး ညပိုင်းကြရင် အတွင်းအားလေ့ကျင့်ခန်း ပြုလုပ်လေသည် ။

ရှောင်လုံက ကမ္ဘာဦးနတ်နဂါးရုပ်အလောင်းဆယ့်နှစ်ခု၏ ကိုယ်ဟန်အနေအထားကို အလွန်ပင် စိတ်ဝင်စားနေ၏ ။ ထိုနောက် ရှောင်လုံက ကောင်းကင်နဂါးဆေးလုံး ၊ ရေမီးနဂါးဆေးလုံးနှင့် ဗုဒ္ဓနဂါးဆေးလုံး နှင့် တခြားနတ်ဆေးလုံးတွေကိုမြိုချရင်း အတွင်းအားလေ့ကျင့်လိုက်သည်။

ရှေးဟောင်နတ်နဂါစသိုက်ထဲမှ ရှောင်လုံတွေ့ရှိခဲ့သော နတ်နဂါသဆေးလုံးအရေအတွက်ကလည်း မနဲလှပေ ။သူမိသားစု ၊ ကျောင်းရှု ၊ ကျန်းဖူ နှင့် တခြားလူတွေကို မျှဝေပြီးတာတောင်မှ သူထံတွင် အများကြီး ကျန်နေသေးသည် ။

ထိုအပြင် သူ့နဖူးတည့်တည်၌  နစ်မြုပ်နေသော နဂါးပုလဲ ဆီကနေ ထွက်ပေါ်နေသည့် နဂါသအဆီအနှစ်တွေကြောင့် ရှောင်လုံ ခွန်အားတွေက တစ်နေ့တခြား တိုးတက်နေလေသည်။

ရှောင်လုံ အတွင်းအားလေ့ကျင့်လိုက်တိုင်းမှာ သူ့နဖူးတည့်တည့်တွင် တောက်ပသော ရောင်ခြည်များဖြာထွက်လာလေ့ရှိသည်။

အချိန်သုံးရက်က ကုန်လွန်သွားပါသည် ။

မြင့်မြတ်သော ဗုဒ္ဓနန်းတော်၏ ဝင်ပေါက်တံခါးဝတွင် ရှီဖန်ထျန် ၊ လင်မန်ဖေး ၊ ရှီရှောင်ဖေး ၊ မင်းသားများ အပါအဝင် ရှောင်လုံတို့လူစုကို လိုက်ပိုသောလူများနှင့် စည်ကားနေ၏ ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now