341 - 345

205 18 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း  ၃၄၁ ...... သရဲဘုရင်၏ အထွတ်အမြတ်အလံဆီမှ စွမ်းအားများကို စုပ်ယူခြင်း

   အကယ်၍ ရှောင်လုံကသာ အခုချိန်အထိ  ကောင်းကင်အထွတ်အထိပ်ပဲ ရှိသေးသည့် သိုင်းသမားတစ်ယောက်ဖြစ်နေခဲ့အုံးမယ်ဆိုရင် စကြာဝဠာအဆင့် တစ္ဆေတစ်ကောင်အား ထိန်းချုပ်နိုင်ဖို့အတွက် ခွန်အား အနဲငယ်ပို၍ အသုံးပြုခဲ့ရမှာ ဖြစ်သည်။ သို့သော် အခုတော့ အားစိုက်စရာကိုမလိုခဲ့ပေ ...။

ရှောင်လုံက ကမ္ဘာဗုဒ္ဓလက်ဝါးသိုင်းကိုအသုံးပြု၍ လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အမြန်နှုန်းနှင့်အတူ တစ္ဆေ၏ရင်ဘတ်သို့  ရိုက်ချလိုက်သည်။ သိပ်မကြာခင်မှာပဲ ရှောက်လုံလက်ချက်ကိုမခံနိုင်တော့သည့် တစ္ဆေကြီးက အညံခံကာ သူ့ကိုယ်သူ လက်မအရွယ်ဆေးလုံးပုံသဏ္ဍာန်သို့ ပြန်ပြီးပြောင်းလဲလိုက်သည်။

တစ္ဆေကြီးပြောင်းလဲလိုက်သည့် ဆေးလုံးလေး၏ အရောင်မှ နီရဲရွှမ်းစိုနေပြီး သူ့မျက်နှာပြင်ကလဲ အရောက်တလက်လက်တောက်ပနေသည်။ ထိုအပြင် ဆေးလုံးအထဲတွင် အစောပိုင်းက ရှောင်လုံနှင့်တိုက်ခိုက်ခဲ့သော တစ္ဆေ ပုံရိပ်ကိုလဲ ဝိုးတဝါး မြင်တွေ့နိုင်သည်။

ရှောင်လုံက အချိန်ဆိုင်းမနေတော့ဘဲ ဆေးလုံးကိုမြိုချ၍ ဗုဒ္ဓဆယ်ဆူ အစီအရင်အတွင်း၌ တင်ပျင်ခွေ ထိုင်ချလိုက်သည်။ ထိုဆေးလုံးက ရှောင်လုံ လည်ချောင်းထဲသို့ ရောက်ရှိသွားသည်နှင့်တပြိုင်နက် ဆေးလုံးထဲမှ စွမ်းအားတွေက ဧရာမလှိုင်းလုံးကြီးများသဖွယ် ထွက်ပေါ်လာလေသည်။ ရှောင်လုံက သူ့ခေါင်းထဲမှ တခြားအတွေးတွေ အကုန်လုံးကို မေ့ပျောက်ကာ သရဲဘုရင်ဆေးလုံးဆီက စွမ်းအားတွေကို စုပ်နေသည့်နေရာတွင်သာ အဓိက အာရုံစိုက်ထားလိုက်၏ ။

  များပြာသောစွမ်းအင်များကြောင့် ရှောင်လုံချီပင်လယ်ကြီးထဲတွင် ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်ပေါ်လာသည်။ ချီပင်လယ်ထဲက အတွင်းအားချီ အရည်တွေက စိန်ကဲ့သို့ အစိုင်အခဲ ဖြစ်လုနီးကား သိပ်သည်းလာကြသည်။ ထိုအစိုင်အခဲများမှ စွဲမက်ဖွယ်ရာ ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်လျက်ရှိနေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now