366 - 370

200 16 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၆၆ .....

ရှောင်လုံက သုံးယောက်က ဒေါင်ရမ်အကူအညီတောင်းလိုက်သောနေရာဆီသို့ ပျံသန်းနေကြစဉ် စကြာဝဠာသိုင်းပညာရှင်များတိုက်ပွဲဖြစ်နေကြဟန်တူသည့် ပြင်းထန်သော စွမ်းအင်လှုပ်ရှားမှု တွေကို အာရုံခံမိလိုက်ပြီး ထိုနေရာသို့  တဟုန်ထိုး ပျံသန်းသွားကြသည် ။

ခနလောက်ကြာတော့  ဒေါင်ရမ်နှင့် နဂါးဝတ်စုံကိုဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ်လူကြီး တိုက်ပွဲဖြစ် နေကြတာကို  ရှောင်လုံတို့လှမ်းမြင်လိုက်ရသည်။
သတ်လတ်ပိုင်းအရွယ်လူကြီးက အစိမ်းရောင်နဂါးတစ်ကောင် ခွေနေသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ကိုယ်ထဲမှ ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်နေသည် ။ ထိုစွမ်းအားများက ဒေါင်ရမ်က တစထက်တစလွှမ်းမိုး ချုပ်ကိုင်လာသည် ။

ထိုကြောင့် ဒေါင်ရမ်အနေဖြင့် ခံစစ်အနေအထားဖြင့်သာ ခုခံကာကွယ်နေရသည် ။ သို့သော် တခြားတစ်ဖက်က ဒေါင်ရမ်ကို အလျင်အမြန်သတ်လိုစိတ်မရှိခြင်းကြောင့်သာ ဒေါင်ရမ်အနေနှင့် အခုချိန်အထိ အသက်ရှင်နေနိုင်ခြင်းပင် ....။

ရှောင်လုံက အံသြသွားပြီး သတ်လတ်ပိုင်းအရွယ်လူကြီးကို အကဲခတ်လိုက်သည်။ ဒေါင်ရမ်တို့တိုက်ပွဲနှင့် မလှမ်းမကမ်းတွင် ဒေါင်ရမ်းတက္ကသိုလ်မှ အဖိုးအိုနှစ်ယောက်ကို လူငါးယောက်က ဝန်းရံတိုက်ခိုက်နေကြသည်  ။ သို့သော် ထိုလူငါးယောက်တော့ကို ရှောင်လုံက မှတ်မိလိုက်လေသည်။ သူတို့က ငါးယောက်က ဘတ်လန်းဒေသမှ နှင်းနဂါးဂိုဏ်းသားများဖြစ်ကြပြီး ရှောင်လုံနှင့် သရဲမြို့တော်ထဲတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်တုံးက နှင်းနဂါးမြို့၊ အင်ပရီယယ် ဆေဘာမြို့တော်နှင့် သရဲစိမ်းမြို့တို့က သူ့တို့တပည့်တွေကို စေလွှတ်ကာ
သရဲဘုရင်၏ ဂူဗိမာန်အတွင်းသို့လေ့လာစူးစမ်းရန်အတွက် စေလွှတ်ခဲ့ကြသည်။

အခု ဒေါင်ရမ်းတက္ကသိုလ်မှ အဖိုးအိုနှစ်ယောက်ကို ဝန်းရံတိုက်ခိုက်နေသူများအထဲမှ နှစိယောက်မှာ
နှင်းနဂါးမြို့က သိုင်းပညာရှင်များဖြစ်ကြသော
လီကျင်းပင် နှင့် ဝမ်လင်းတို့ပဲ ဖြစ်ကြသည်။
သူတို့နှစ်ယောက်ကိုမြင်တော့ ရှောင်လုံခေါင်းထဲသို့ အတွေးတစ်ခုက ရုတ်တရက်ဝင်ရောက်လာသည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now