431 - 435

167 16 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၃၁ .....

ရှ်ီရှောင်ဖေး မျက်လုံးတွေက နီရဲလာပြီး ရှဲဟွေအား ဒေါသတကြီးဖြင့် ပါးရိုက်ဖို့ ကြိုးစားလိုက်သည်။
ရှဲဟွေက ရှ်ီရှောင်ဖေး၏ သွယ်လျလှပသော လက်လေးကို ဖမ်းဆုပ်ကာ သူနှာခေါင်းနားသို့ ဆွဲကပ်လိုက်သည် ။ ထိုနောက် ရှီရှောင်ဖေး လက်ဖမိုးအား အနည်းငယ် နမ်းရှုံ့လိုက်ပြီး ရယ်မောကာ

"... မင်းလက်လေးရဲ့ အနံကတောင် တော်တော်မွှေးတာပါလား  ဟားဟား ..."

ရှဲဟွေကိုကြည့်ရင်း ရှီရှောင်ဖေးက ဒေါသထွက်လွန်းလို့ စကားပင် ပြန်မပြောနိုင်တော့ပေ ။

"... စိတ်မပူပါနဲ့ အချစ်ကလေးရေ .... ဒီညတော့ ငါမင်းကို လက်ဖျားနဲ့တောင်မထိသေးပါဘူး .... မနက်ဖြန်ညအတွက် ပိုပြီး ရင်ခုန်စရာကောင်းအောင် မင်းကို ခဏလောက်တော့ ချမ်းသာပေးထားလိုက်မယ် ..."

ထိုနောက် ရှဲဟွေက မြူးကြွသောပုံသံဖြင့်  လေချွန်ကာ အခန်းထဲကနေ ထွက်ခွာသွားသည်။

မနက်ဖြန်ကြရင် သူငါ့ကို တကယ်ပဲ လာကယ်နိုင်ပါ့မလား ....?

ရှီရှောင်ဖေးစိတ်ထဲမှာ  ရှောင်လုံမနက်ဖြန်ပေါ်လာဖို့ မျှော်လင့်နေသော်လည်း ရှောင်လုံတကယ်ပေါ်လာပါ့မလားဆိုသည့် အတွေးက ရှီရှောင်ဖေးကို နှိပ်စက်နေသည် ။ သို့သော် သူမအဖမ်းခံရသည့် သတင်းကို ရှောင်လုံသိမှသိပါ့မလားဆိုတာကိုလည်း ရှီရှောင်ဖေးက စိုးရိမ်နေသည် ။

ထိုညက တိတ်ဆိတ်ငြိမ်သက်စွာနှင့်ပင် ကုန်လွန်သွားသည်။ နောက်တစ်နေ့မနက်ခင်းတွင် ထွက်ပေါ်လာသော နေရောင်ခြည်အလင်းတန်းများနှင့်အတူ စကြာဝဠာနတ်ဘုရားမြို့တစ်ခုလုံး သက်ဝင်လှုပ်ရှားလာသည် ။ ဤနေ့ဟာ စကြာဝဠာနတ်ဘုရားဂိုဏ်းမှ  သခင်လေး၏ မင်္ဂလာနေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည် ။

ရှဲဟွေ၏ မင်္ဂလာဆောင်သတင်းက တိမ်ကြယ်တာရာတိုင်းပြည်ကြီးတစ်ခုလုံးသို့ အလျင်အမြန် ပျံနှံသွားသည် ။ စကြာဝဠာနတ်ဘုရားတစ်မြို့လုံးတွင် မင်္ဂလာ ဆိုင်းပုဒ်များ ပြည့်နှက်နေပြီး တစ်မြို့လုံးမှလူတွေကလည်း စကြာဝဠာနတ်ဘုရားဂိုဏ်း သခင်လေး၏ မင်္ဂလာဆောင်ကို ဝင်ရောက်ဆင်နွှဲဖို့ အားသန်နေကြသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now