951 - 955

166 7 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၅၁.....မရဏလမ်း

ကံကြမ္မာဂိုဏ်း ဘိုးဘေး၏ ကျင့်ကြံအားထုတ်သည့်နေရာသည် ရှားပါးသော စိတ်ဝိညာဉ် ဆေးပင်များ သို့မဟုတ် သစ်သီများဖြင့် ခြံရံထားခြင်း မဟုတ်ပေ။ ထိုနေရာ၌ သာမန် မြက်ခြောက်များ၊ အလွယ်တကူ ရရှိသော သာမန်သစ်သားများဖြင့် တည်ဆောက်ထားသော အဆောက်အဦး များစွာ ရှိပြီး ရိုးရှင်းလွန်းလှသော ရှန်ဂရီလာ နှင့်တူပေသည်။

ရှောင်လုံ က ဤသည်ကို မျှော်လင့်မထားခဲ့ပေ။

အမှန်တိုင်းဆိုရလျှင် ကံကြမ္မာဂိုဏ်းဘိုးဘေး၏ အဆင့်အတန်း အရ သူ့၏ ကျင့်
ကြံခြင်း နေရာသည် ကြီးကျယ်ခန်းနားကာ ထူးခြားဆန်းကြယ်၍ ကောင်းကင်ဘုံ တမျှ ဖြစ်မည်ဟု ရှောင်လုံ ယူဆထားခဲ့ပေသည်။

သူနှင့် ကံကြမ္မာဂိုဏ်း ဘိုးဘေးတို့ ခဏမျှ ထိုင်နေပြီးနောက် ရှောင်လုံသည် သူရောက်ရှိလာရသည့် ရည်ရွယ်ချက် ကို ထုတ်ဖော်လိုက်သည်။

သူ့၏ ရည်ရွယ်ချက် ကို သိရှိပြီးနောက်၌ ကံကြမ္မာဂိုဏ်း ဘိုးဘေးသည် ခဏမျှ တွေဝေတုံ့ဆိုင်းသွားသည်။ သူက ဘေး၌ရပ်နေသော လီလူကို ဖြေးဖြေးချင်း လှည့်ကြည့်လိုက်သည်။

" လူအာ...ငါ့ရဲ့ ကံကြမ္မာ တံဆိပ်ကို ယူပြီးတော့...တုံ စိီရင်စု မြို့တော်ကို အစည်းအရုံးခေါင်းဆောင် ဟောင်နဲ့အတူ သွားလိုက်"

ကြယ်စင်စုလေးစုဆီမှ ဟင်္သာပြဒါးငှက်တက္ကသိုလ်ကျောင်းအုပ်ကြီးချိုးပိုင်ဖေးနှင့် အခြားသူများသည် ကံကြမ္မာ ကမ္ဘာ၏ တုံစီရင်စုမြို့တော်၌ ပုန်းအောင်းနေကြလေသည်။

ရှောင်လုံနှင့်အတူ လီလူကိုပါ လိုက်ပါစေရန် ညွန်ကြားလိုက်သောကြောင့် ကံကြမ္မာဂိုဏ်းဘိုးဘေးသည် ချိုးပိုင်ဖေး တို့အုပ်စု ကို ရှောင်လုံ၏ လက်ထဲသို့ အပ်နှင်းလိုက်ကြောင်း ထင်ရှားပေသည်။

ဤသည်မှာ ရှောင်လုံ မျှော်လင့်ထားသည့် အတိုင်းသာဖြစ်သည်။

ချိုးပိုင်ဖေးတို့အုပ်စု သည် ကံကြမ္မာဂိုဏ်း ၏ တပည့်များမဟုက်ပဲ သူတို့၏ ကာကွယ်မှုကို လာရောက်ရှာဖွေသော လူတစ်စုသာဖြစ်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now