296 - 300

244 25 2
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၉၆....... တောင်ကြားအောက်ခြေ၌

     ရှောင်လုံရဲ့ အတွင်းတွေက အခုနှစ်တွေအတွင်းမှာ အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ပေမယ့် ရှောင်လုံကတော့ သူ့ကိုယ်သူ အရမ်းအားနဲနေဆဲခု ခံစားနေရသည်။ ရှောင်လုံ၏ အခုလက်ရှိအတွင်းအားက ဟီယွမ်ရှုန်းကဲ့သို့ သိုင်းပညာရှင်မျိုးကို အသာထားအုံး ....
ယောင်ဖေး တို့ ကျောက်ချန်တို့ကိုတောင် မယှဉ်နိုင်သေးချေ ....။ ထိုကြောင့် လက်ရှိအခြေအနေအရ  ရှောင်လုံ စကြာဝဠာသိုင်း ပညာရှင်အဆင့်သို့  အမြန်ဆုံးရောက်ရှိနိုင်ရန် လိုအပ်နေသည် ။

နတ်တောင်ရွှမ်းမီအတွင်းကနေ ပြန်ထွက်လာပြီးနောက် ရှောင်လုံက ကျင်းရန် ၊ လီဖေး ၊ ဂျိဒေါင်နှင့် ဖန်အင်ချောင်တို့ လေးယောက်ကို ဆင့်ခေါ်လိုက်သည်။ ထိုနောက် သူရက်အနဲငယ်လောက် ခရီးထွက်ရမယ်ဆိုတဲ့ အကြောင်းကိုပြောလိုက်သည်။ သူတို့လူစုကို ဒီရက်ပိုင်းအတွင်း မြို့ပြင်မထွက်ပဲ တတ်နိုင်သမျှ အိမ်ထဲမှာပဲနေဖို့ မှာလိုက်သည်။

ကျင်းရန်တို့အား သက်ဆိုင်ရာအလုပ်တွေကိုစေခိုင်းပြီးတဲ့နောက် ရှောင်လုံက နတ်တောင်ရွှမ်းမီအတွင်းသို့ ပြန်ဝင်လိုက်သည်။ ထိုနောက် နတ်တောင်ရွှမ်းမီကို ထိန်းချုပ်၍ နတ်ဘုရားအသင်္ချေမြို့ထဲကနေ ကျားကွဲတောင်ဆီသို့ တိတ်တဆိတ် ပျံသန်းသွား လိုက်သည်။

နတ်တောင်ရွှမ်းမီနှင့်အတူ ပျံသန်းသွားတာကြောင့် ရှောင်လုံစိတ်ထဲမှာ ကျောက်ချန်တို့ သတိပြုမိသွားမှာကို မစိုးရိမ်ပေ ...။ သိပ်မကြာခင်မှာပဲ ရှောင်လုံက နတ်နောင်ရွှမ်းမီနှင့်အတူ ကျားကွဲတောင်ကြားဆီသို့ ရောက်ရှိသွားသည် ။ ရှောင်လုံက သူရောက်ခဲ့ဘူးသော တောင်ထိပ်ဆီကနေ တောင်ကြားအောက်ခြေဆီသို့ ငုံကြည့်လိုက်၏ ။

မဆုံးနိုင်သော အမှောင်ထုကြီးစိုးနေတာကို ကြည့်ရင်း ရှောင်လုံက သူ့ကိုယ်ထဲမှ ကိုယ်တွင်းစွမ်းအားတွေနဲ့ အတွင်းအားချီတွေကို ထုတ်သုံးလိုက်သည်။ ထိုနောက် ဂရုတစိုက်အရှိန်ကိုထိန်းညှိ၍ တောင်ကြားထဲသို့ ခုန်ချလိုက်လေသည် ။
အရင်တခေါက်က အတွေ့အကြုံကြောင့် ရှောင်လုံ၏ အောက်ဆင်းသော အမြန်နှုန်းက ပိုမိုမြန်နေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now