316 - 320

245 26 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၁၆ ....... သေချာစဉ်းစားသင့်တယ်

ရှောင်လုံအရှေ့ကိုရောက်တော့ တုဟွာကန်က ရှောင်လုံကို ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်လိုက်ပြီး ခေါင်းခါလိုက်လေသည်။

".... ကောင်လေး ... မင်းအခုလိုသိုင်းအဆင့်ကိုရောက်ဖို့ အခက်အခဲတွေအများကြီးကျော်ဖြတ်လာခဲ့ရမှာပဲ ..... ကောင်းကင်အဆင့်၁၀ကိုရောက်နေကတည်းက မင်းအစွမ်းအစကမဆိုးလို့ ပြောရမယ် .... မင်းသာ ဆရာကောင်းနောက်ကိုလိုက်ခဲ့မယ်ဆိုရင် အခုချိန်ဆို မင်းအနာဂတ်က သာယာစိုပြည်နေလောက်ပြီ .... ကံမကောင်းစွာနဲ့ မင်းက ဆရာရွေးမှားသွားတာပဲ ..... အဲ့ဒါကြောင့် မင်းဒီနေ့သေရတော့မယ် ...."

ရှောင်လုံက စွင်းဟောက်ရန်အနောက်ဘက်ကနေ အတူတူပါလာတာကြောင့် တုဟွာကန်က ရှောင်လုံကို စွင်းဟောက်ရန်၏ နောက်လိုက်တယောက်ဟု ထင်မြင်နေတာပဲ ဖြစ်သည်။

ရှောင်လုံကတော့ ထုံပေပေဖြင့် ပြန်မေးလိုက်လေသည်

"... ခင်ဗျား တကယ်ပြောနေတာလား ....?"

တုဟွာကန်က ရှောင်လုံ၏ ရိုင်းဆိုင်းသောအမူအရာကို မြင်တော့ ပြုံးလိုက်ပြီး

"... တခုခု ဆန်းကြယ်တာတွေသာ မဖြစ်လာခဲ့ရင် မင်းသေချာပေါက်သေရမှာပေါ့ကွ ...."

".... တုဟွာဟန် .... အဲ့ကောင်လေးနဲ့ ဘာလို့အချိန်ဖြုန်းနေတာလဲ .... သူ့ကိုမြန်မြန် ရှင်းပစ်လိုက်လေ ....."

တုဟွာကန်နံဘေးမှ လီလီက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်

".... နင်သူ့ကို အပြတ်ရှင်းပြီးရင် ငါတို့လေးယောက်ပေါင်းပြီး ပင်ဖန် နဲ့ စွင်းဟောက်ရန်တို့နှစ်ယောက်ကို အပြတ်ရှင်းလို့ရပြီ....."

လီလီစကားကြာသတော့ တုဟွာကန်က ရှောက်လုံနှင့်ထပ်ပြီးအချိန်မဖြုန်းတော့ပေ ...။ သူ့ကဖျက်ကနဲဆိုသလို အရှေ့သို့ လျင်မြန်စွာရောက်ရှိလာပြီး ရှောင်လုံနှလုံးနေရာက်ို  လက်ဝါးနှင့် လှမ်းရိုက်လိုက်သည်။

".... အင်း တချက်လောက်တော့ သတ်ရတာတော့ တကယ်ကိုပျင်းစရာကောင်းတာပဲ ...."

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now