976 - 980

172 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၇၆ ...... နတ်ဘုရားဆေးမြို့တော်သို့ ပြန်ခြင်း

လီလူက သိမ်မွေ့ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး ရှောင်လုံ၏ နံဘေးသို့ လျှောက်လာလေသည်။

"နောက် ရက်နည်းနည်းလောက် ကြာရင်...နတ်ဘုရားဆေးမြို့တော်ကို နင် ပြန်ဖို့ စီစဥ်ထားတယ် လို့ ငါ ကြားတယ်"

လီလူက ခဏမျှ တွေဝေတုန့်ဆိုင်းနေပြီးနောက် လိုရင်းကို ပြောလိုက်သည်။

ရှောင်လုံက တောက်ပစွာ ပြုံးပြလိုက်သည်။

"အမှန်ပဲလေ...ကိုယ်က မင်းကို ကိုယ့်မိဘတွေနဲ့ အခြားသူတွေဆီ ခေါ်သွားပေးချင်လို့...အမေနဲ့ ညီမလေးသာ မင်းကို တွေ့ရင် အရမ်းပျော်သွားကြမှာ...နှစ်တွေ အများကြီးကြာတာတောင် အမေက မင်းအကြောင်းပဲ ပြောနေတုန်းလေ"

လီလူ၏ မျက်လုံးများထဲ၌ ရှုပ်ထွေးသည့် ခံစားချက်များ ယှက်သန်းသွားသည်။

"ရှောင်လုံ...ငါ ကံကြမ္မာဂိုဏ်းကို အရင်ပြန်ချင်တယ်"

ရှောင်လုံက တောင့်တင်းသွားလေသည်။

"မင်းက ကိုယ်နဲ့အတူ နတ်ဘုရားဆေးမြို့တော်ကို ပြန်မလိုက်ဘူးလား"

လီလူက ခပ်နှေးနှေး ခေါင်းညိတ်ပြသည်။

ရှောင်လုံက လီလူကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ရင်း စိတ်ထဲ၌ သက်ပြင်းချလိုက်မိသည်။ သူမ၏ စိတ်ထဲတွင် ကိစ္စအချို့ကို သိမ်းဆည်းထားဆဲ ဖြစ်ကြောင်း ရှောင်လုံ သိသည်။ ဤသည်မှာ အတိတ်ကာလက နတ်ဘုရားကျောင်းတော်နှင့် များစွာ သက်ဆိုင်ပေသည်။

လီလူသည် သူမ၏ မှတ်ဉာဏ်များကို ပြန်လည်ရရှိသွားသော်လည်း အတိတ်က ဖြစ်ရပ်များသည် သူမကို အရိပ်မည်းသဖွယ် စိတ်ဒုက္ခပေးနေဆဲ ဖြစ်သည်။

နတ်ဘုရားကျောင်းတော်၏ ဦးနှောက်ဆေးခြင်းကို ခံစားလိုက်ရပြီးနောက် လီလူ၏ လက်အစုံသည် မြောက်မြားစွာသော သိုင်းဝိညာဥ်ကမ္ဘာ သိုင်းပညာရှင်များ၏ သွေးများဖြင့် စွန်းထင်းနေလေသည်။ ထို့အပြင် သူမက အရပ်ဆယ်မျက်နှာတိုက်ကြီး ၌ ရှောင်လုံကို သတ်ဖြတ်ရန်ပင် ကြိုးစားခဲ့သေးသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now