876 - 880

142 11 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၇၆..... ထူးခြားဆန်းကြယ်သော မဟာ အရှင်သခင်

ဖန်းချူက ရှောင်လုံကို ကြည့်ကာပြောလိုက်လေသည်။

" ဟောင်ရှောင်လုံ... မင်းရဲ့ ပါရမီနဲ့ ကျင့်ကြံမှု အမြန်နှုန်းက ငါထင်ထားတာ ထက်ပိုပြီး အဆင့်မြင့်နေတာပဲ... မင်းက နှစ်ပေါင်းများစွာအတွင်း မရေမတွက်နိုင်တဲ့ ကြယ်စင်စုတွေထဲမှာ အရည်အချင်းရှိဆုံး ပါရမီ ရှင်ပဲ... ပြိုင်ပွဲ အတွင်းမှာ ပြိုင်ပွဲဝင်ခွင့် စာရင်း သွင်းတဲ့ အချိန်တုန်းက မင်းရဲ့ အရိုးသက်တမ်းက နှစ်ပေါင်း ၂၅၈ နှစ်ပဲ ရှိသေးတယ်... နှစ်ပေါင်း ၂၅၈ နှစ်... ပြီးတော့... အခုဆိုရင် မင်းက မဟာနတ်ဘုရား အဆင့် ၂ နောက်ပိုင်း အဆင့်ကိုတောင် ရောက်နေပြီ...ငါတောင်မှပဲ အံ့အားသင့်သွားရတယ်လေ"

"ဘာ...  အရိုးသက်တမ်း ၂၅၈ နှစ် လား"

ဝမ်ဂူယန်ဟွေ့ ၊ မုချီ ၊ ယွဲ့ဝူယဲ့ နှင့် လူတုန်ဝေတို့သည် အလျှင် အမြန်လှည့်ကြည့်လိုက်မိကြသည်။ သူတို့၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်သွားကြလေသည်။

ရှောင်လုံ၏ အရိုးသက်တမ်းကို သူတို့ သိရှိထားခြင်း မရှိပေ။ ဖန်းချူပြောသည်ကို နားထောင်လိုက်ပြီးမှသာ သူတို့ ၄ ယောက်သည် ရှောင်လုံ၏ အသက်ကို သိရှိ သွားကြခြင်း ဖြစ်သည်။

ထို့အပြင်သူက မဟာနတ်ဘုရားအဆင့် ၂နောက်ပိုင်း အဆင့် သိုင်းပညာရှင်တစ်ယောက်ပင် ဖြစ်နေသည်။

ဝမ်ဂူယန်ဟွေ့ ၊မုချီနှင့်ယွဲ့ဝူယဲ့ တို့သည် ရှောင်လုံ၏ ကြောက်မက် ဖွယ် ခွန်အားကို မျက်မြင်တွေ့ထားကြပြီး မဟာနတ်ဘုရား အဆင့် ၂ နောက်ပိုင်းအဆင့် ထက် ပိုမို မြင့် မားကြောင်း သိရှိထားကြပေသည်။ ရှောင်လုံ၏ ခွန်အားသည် အဆင့် ၃ နေရာရှိ မဟာ နတ်ဘုရား နတ်ဘုရား အဆင့် ၄ သိုင်းပညာ ရှင် တစ်ယောက်ဖြစ်သော ကျိုးယောင်ကိုပင်တစ်ချက်တည်းဖြင့် အလွယ်တကူ အနိုင်ယူနိုင်သည်အထိ မြင့်မားလှပေသည်။

'ဒါက...'

လူတုန်ဝေသည် အစောပိုင်းက ရှောင်လုံ၏ သော့ကို လုယူရန် ကြံစည်ခဲ့သည်ကို ပြန်အမှတ်ရမိသွားချိန်တွင် သူ့၏ ဝတ်စုံ တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲသွားသလို ခံစားလိုက် ရသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now