736 - 740

186 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၃၆ ..... ငါ့တပည့်ကို ဘယ်သူ အနိုင်ကျင့်ရဲတာလဲ

ကျောင်းယုံဖုန်းနှင့် တောက်ဂူတို့က ချက်ချင်းဆိုသလို တိုက်ခိုက်လိုက်ကြသည်။

ကျောင်းယုံဖုန်းက ယန်ယီကို ရည်ရွယ်တိုက်ခိုက်လိုက်ခြင်း ဖြစ်ပြီး တောက်ဂူကမူ တစ်ချက်တည်းနှင့် ရှောင်လုံ၏ အသက်ကို ယူကာ ကြာပန်းနက်ကို လုယူရန် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ဓားကျိုးဂိုဏ်း၏ အကြီးအကဲ ငါးယောက်က ရှောင်ဖေးကို ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြသည်။

အမှန်၌ ရှောင်ဖေးနှင့် ရင်ဆိုင်ရန်အတွက် နတ်ဘုရားအဆင့် ၁၀ သိုင်းပညာရှင်ငါးယောက် ဆိုသည်မှာ လုံလောက်သည်ထက် ပိုနေပြီး သူတို့ထဲမှ မည်သူမဆို သူမအသက်ကို နှုတ်ယူနိုင်စွမ်းရှိပေသည်။ သို့သော် နှစ်နှစ်သန်း ကြာပန်းနက်နှင့် ပတ်သတ်လာသည်မို့ အမှားတစ်ခုမှ ဖြစ်စေ၍ မရပေ။ ထို့ကြောင့် သူတို့ ငါးယောက်လုံး လှုပ်ရှညးလိုက်ခြင်း ဖြစ်သည်။

ကျောင်းယုံဖုန်းက ယန်ယီ၏ ပတ်ပတ်လည်ကို အရင်ဆုံး ပိတ်ပင်တားဆီးလိုက်ပြီး ရှောင်လုံနှင့် ရှောင်ဖေးတို့ကို ကူညီရန်အတွက် အခွင့်အရေး မပေးပေ။

ရှောင်လုံက ဒေါသတကြီး တိုက်ခိုက်လာသည့် တောက်ဂူ၏ မျက်နှာကို ကြည့်လိုက်သည်။ ကြည့်ရသည်မှာ နဂါးအင်ပါယာ အောင်းတိုင်ရီ၏ တည်ရှိမှု နှင့် လိပ်နက်နတ်မီးတောက်ပိုင်ဆိုင်ထားမှုကို ထုတ်ဖော်ပြသရတော့မည့်ဟန်ရသည်။

ရှောင်လုံ သူ့၏ လိပ်နက် နတ်ဘုရားချပ်ဝတ်ကို ဆင့်ခေါ်ရန် နှင့် နဂါးအင်ပါယာအောင်းတိုင်ရီကို ရှောင်ဖေးအား ကယ်တင်ဖို့အတွက် တောင်းဆိုရန် ပြင်လိုက်စဉ်  လွှမ်းမိုးနိုင်စွမ်း အပြည့်နှင့် ပျင်းရိနေဟန်အသံတစ်ခု ထွက်ပေါ်လာလေသည်။

"စောက်ခြောက်ကောင်တွေ...ငါ့တပည့်ကို ဘယ်သူ အနိုင်ကျင့်ရဲတာလဲကွ"

ရုတ်တရက် ထွက်ပေါ်လာသောအသံက ဓားကျိုးဂိုဏ်းရှိလူများကို ကြောင်အသွားစေသည်။

တောက်ဂူနှင့် အခြားသူများ၏ မျက်စိရှေ့၌ပင် လေဟာနယ်ထဲမှ လက်ဝါးချက်ကြီးတစ်ခုသည် တောက်ဂူပေါ်သို့ ရိုက်ချလာသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Unde poveștirile trăiesc. Descoperă acum