746 - 750

166 10 0
                                    

ပြိုင်ဘက်ကင်း သိုင်းဝိညာဥ်

အပိုင်း ၇၄၆ ..... နတ်ဘုရားအဆင့်၁၀  မိစ္ဆာသားရဲအား ယဥ်ပါးစေခြင်း

ရှောင်လုံသည် နတ်ဘုရားမြှုပ်နှံခြင်း မြစ်ပေါ်မှ ပျံသန်းလိုက်ရင်း တည်ငြိမ်နေသောမြစ်ရေပြင်ကို ကြည့်ရှုလိုက်လေသည်။တိုက်တိုက်ဆိုင်ဆိုင်ပင် ဖျော့တော့သည့် အနီရောင်စွမ်းအင်များက လေထုထဲတွင် မျောလွင့်နေသည်ကို တွေ့မြင်နေရသည်။ထိုဖျော့တော့တော့အနီရောင်စွမ်းအင်စီးကြောင်းများသည် အလွန်အမင်းမြင့်မားသော အပူချိန်ရှိပေသည်။ဤသည်ကိုစမ်းသပ်ရန် ရှောင်လုံသည် စကြာ၀ဋ္ဌာအဆင့် စိတ်ဝိညာဥ်ကျောက်တုံး တစ်တုံးကို မြစ်ထဲသို့ ပစ်ချလိုက်လေသည်။

စကြာ၀ဋ္ဌာအဆင့် စိတ်ဝိညာဥ်ကျောက်တုံးသည် အနီရောင်စွမ်းအင်စီးကြောင်းနှင့် ထိတွေ့သွားချိန်တွင် စိတ်ဝိညာဥ်စွမ်းအင်အရည်များအဖြစ် ပျော်ကျသွားလေသည်။

စကြာ၀ဋ္ဌာအဆင့် စိတ်ဝိညာဥ်ကျောက်တုံး၏မာကျောမှုသည် နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးနှင့် မယှဥ်နိုင်သော်လည်း နှစ်တစ်သောင်းသက်တမ်းရှိ သံမဏိ၏ မာကျောမှုအောက် မလျော့ပေ။သို့သော်လည်း ၎င်းကျောက်တုံးသည် ချက်ချင်းအရည်ပျော်သွားပေသည်။

၀မ်လုံတို့ အုပ်စုသည် ဤသည်ကိုကြည့်ရင်း လေအေးတစ်ချက်ရှုရှိုက်လိုက်မိကြသည်။

ထို့နောက်တွင် သူတို့အားလုံးသည် နှစ်ဆပိုမိုဂရုစိုက်လာကြသည်။

မြစ်ကို တစ်၀က်မျှဖြတ်ကူးပြီးသွားချိန်တွင် ရှောင်လုံသည် သူ့အနီးနားရှိ တိုးဖျော့သော ဆူညံသံများကို ရုတ်ချည်းကြားလိုက်ရလေသည်။သူ့ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်ချိန်တွင် လက်မအရွယ်အစားရှိသော အနီရောင်ပိုးကောင်အုပ်စုတစ်ခုသည် လေထုအလယ်မှမြစ်ထဲသို့ကျဆင်းသွားသည်ကို သူမြင်လိုက်ရသည်။

အနီရောင်ပိုးကောင်များတွင် ထက်ရှသောအတောင်များနှင့် ရုပ်ဆိုးဆိုးအသွင်အပြင်ရှိသည်။

ထိုပိုးကောင်အုပ်နှင့် တွေ့ဆုံလိုက်ရချိန်တွင် လူတိုင်းထိတ်လန့်သွားရပြီး ၎င်းတို့သည် မီးလောက်လန်းကောင်ဟုကျော်ကြားသော ပိုးကောင်များဖြစ်ကြောင်း ချက်ချင်းနားလည်လိုက်ကြသည်။ထိုပိုးကောင်များသည် လူတစ်ယောက်၏ သွေးကြောထဲသို့ အကောင်အထည်မပေါ်ဘဲ ၀င်ရောက်သွားကြပြီး သွေးအဆီအနှစ်၊ ရိုးတွင်းချဥ်ဆီများနှင့် စိတိဝိညာဥ်ကို စုပ်ယူတတ်ကြသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now