751 - 755

168 7 0
                                    

ပြိုင်ဘက်ကင်း သိုင်းဝိညာဥ်

အပိုင်း ၇၅၁ ..... ဇာမဏီမီးတောင်ထဲသို့၀င်ရောက်ခြင်း

ဟောင်ဟုန်ထျန်း၏ စကားဆုံးသွားသည်နှင့်  သူ့၏ ခန္ဓာကိုယ်ဆီမှ အရောင်စုံမီးတောက်များ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်ထိ မြင့်တက်သွားသည်။

အရောင်စုံမီးတောက်များဆီမှ ရွှေရောင်အလင်းတန်းများ တောက်ပနေလေပြီး ဟောင်ဟုန်ထျန်း၏ နောက်ကျောမှ ဇာမဏီငှက်တစ်ကောင်သည် သိမ်မွေ့နူးညံ့သော အရိပ်ကြီးတစ်ခုအသွင် ပေါ်ထွက်လာပေသည်။

သူ့၏ မဟာနတ်ဘုရားအဆင့် ခွန်အား၏ အားကောင်းလှသော ဖိအားသည် ထွက်ပေါ်လာပြီး အရပ်မျက်နှာ အနှံ့ရှိ အခြားသူများကိုကြောက်လန့် သွားစေသည်။

အဝေးမှ ကြည့်လျှင် ဟောင်ဟုန်ထျန်းသည် ပြန်လည်မွေးဖွားလာသော ရှေးဟောင်း ဇာမဏီတစ်ကောင်နှယ် အသွင်ပြောင်း နေပေသည်။

ဟောင်ဟုန်ထျန်း၏ ခန္ဓာကိုယ်ဆီမှ ဖိအားသက်ရောက်လာသောကြောင့် ဇာမဏီကလန် မဟာအကြီးအကဲများသည် မီတာနှစ်သိန်း အကွာအဝေးဆီသို့ အလျင်အမြန်ဆုတ်ခွာလိုက်ကြသည်။

ရှောင်လုံ့နောက်ရှိ မိစ္ဆာသားရဲများသည်လည်း တုန်ယင်နေကြပေသည်။

ဤသည်မှာ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်ယောက်၏ နတ်ဘုရားဖိအားဖြစ်သည်။

အားနည်းသော စိတ်ဝိညာဥ်သာ ရှိသည့် သာမန်နတ်ဘုရားအဆင့်၉ သို့မဟုတ် နတ်ဘုရားအဆင့်၁၀ ကျင့်ကြံသူတစ်ယောက်သည် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်၏ နတ်ဘုရားဖိအားအောက်တွင် ချက်ချင်း သေဆုံးသွားပေလိမ့်မည်။မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်က လက်တစ်ချောင်းမှ မြှောက်စရာ လိုလိုက်မည်ခမဟုတ်ပေ။

မိစ္ဆာသားရဲ အုပ်စုသည် တုန်ယင်နေကြသော်ငြား ရှောင်လုံ၏ အမိန့်မရဘဲ တစ်လက်မမှ မရွေးလျားရဲကြပေ။

"မင်းတို့အားလုံးနောက်ဆုတ်လိုက်ကြ"

ရှောင်လုံက ပြောလိုက်လေသည်။

"ဟုတ်ကဲ့ ... သခင်လေး "

မိစ္ဆာသားရဲများသည် လွတ်ငြိမ်းချမ်းသားခွင့် ရသွားသည့်နှယ် ဘေးလွတ်ရာသို့ ပျံသန်းသွားကြသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now