986 - 990

406 9 1
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၈၆.....တိုင်မိသားစု၏ ဖိတ်ခေါ်မူ

တိုင်ချန်းတုံ က ပတ်ပတ်လည် သို့ ကြည့်ရှုလိုက်ပြီးနောက် တိုင်ရှင်းယွမ် ကို ပြောလိုက်လေသည်။

" မိသားစုသခင်...တိုင်ယန်ပြောတာက အဓိပ္ပာယ် ရှိတယ်... ဒီလူက ကျင့်စဥ် စာအုပ်ကို ခိုးနိုင်တယ်ဆိုမှတော့ အထဲက အကူအညီ ကို ရထားလို့ပဲ ဖြစ်ရမယ်... ပြီးတော့ ဟောင်ရှောင်လုံ က သံသယ ရှိစရာ အကောင်းဆုံး သူပဲ "

" ဟုတ်တယ် မိသားစုသခင်... အဲ့ဒီ ဟောင်ရှောင်လုံ ရဲ့ဇာက်မြစ်က သံသယ ဖြစ်စရာ ကောင်းတယ် "

တိုင်မိသားစု အကြီးအကဲ တစ်ယောက်ကလည်း ထောက်ခံလိုက်လေသည်။

တိုင်ရှင်းယွမ် ၏ အမူအယာက တည်ငြိမ်နေလေပြီး မေးလိုက်လေသည် ။

" မင်းတို့နှစ်ယောက် ပြောပုံအရဆိုရင်...ငါက ဘာလုပ်သင့်လဲ "

" ကျွန်တော်တို့က ဟောင်ရှောင်လုံ ကို ဖမ်းပြီးတော့ ရေခဲအကျဥ်းထောင်ထဲမှာ ချုပ်ထားသင့်ပါတယ်...ဒီ ကိစ္စ ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် စုံစမ်းပြီးတော့ သူ နဲ့ မပတ်သက်ဘူးဆိုတာ သေချာမှ ကျုပ်တို့က သူ့ကို လွတ်ပေးသင့်တယ် "

တိုင်ချန်းတုံ က ဖြောင့်မတ်မှန်ကန်သည့် အမူအယာ ဖြင့် ပြောလိုက်လေသည်။

ဘေး၌ တိတ်တဆိတ် ရပ်နေသော တိုင်ရှင်းလန် က ဒေါသတကြီး ပြောလိုက်လေသည်။

" အစ်ကိုကြီးဟောင်က စာကြည့်တိုက် ထဲကို ဝင်တာနဲ့ပဲ သံသယရှိစရာအကောင်းဆုံး သူ ဖြစ်သွားတယ်ပေါ့လေ ...ပြီးခဲ့တဲ့ ရက်တုန်းက အစ်ကိုကြီးဟောင် အပြင် တိုင်ယန်နဲ့ အခြားတပည့်တွေလည်း စာကြည့်တိုက် နားမှာ ပေါ်လာတက်တာပဲ...အဲ့ဒီ လိုသာဆိုရင် တိုင်ယန်ကလည်း သံသယရှိစရာ လူ ဖြစ်မသွားဘူးလား "

တိုင်မူက အလျှင်အမြန် ပြောလိုက်သည်။

" ဟုတ်တယ်...ခင်ဗျား က အစ်ကိုကြီးဟောင် ကို ဖမ်းထားချင်တယ်ဆိုမှတော့...တိုင်ယန်နဲ့ အခြားသူတွေကိုလည်း အတူတူ ထည့်ပိတ်ထားသင့်တယ် "

You've reached the end of published parts.

⏰ Last updated: Nov 25, 2023 ⏰

Add this story to your Library to get notified about new parts!

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now