411 - 415

191 17 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၁၁ .....

ချန်ထျန်ချီ၏ မီးတောက်ကမ္ဘာဖောက်ခွဲဖျက်ဆီးခြင်း သိုင်းကွက်က အလွန်ပြင်းထန်သည်ဆိုတာကိုတော့ ရှောင်လုံစိတ်ထဲမှာဘအသိအမှတ်ပြုလိုက်သည်။
အကယ်၍ ထိုသိုင်းကွက်နှင့် ရှောင်လုံသာ ထိမိခဲ့မယ်ဆိုရင် သူ့ခန္ဓာကိုယ်က မည်မျှ မာကျောသည်ဆိုပစေ အသက်ဆုံးရှုံးသွားသည့်အထိ ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရသွားစေနိုင်သည်။

သို့သော် ရှောင်လုံဆီမှာက သိုင်းလောက၏နံပါတ်တစ်ကောင်းကင်ရတနာ နတ်တောင်ရွှမ်းမီရှိနေတယ်မဟုတ်လား ....။

ရှောင်လုံက အသက်ဘေးနှင့် ကြုံတွေလာသည့် အခိုက်မှာ နတ်တောင်ရွှမ်းမီအတွင်းသို့ ဝင်၍ ဗုဒ္ဓဆယ်ဆူ အစိအရင်အတွင်းထိုင်ကာ ချန်ထျန်ချီ၏ ဖောက်ခွဲအားကို ကြံကြံခံ ရင်ဆိုင်လိုက်ခြင်းပင် ။

".... ဒါ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး ..."

ချန်ထျန်ချီက အံကြိတ်၍ ဒေါသတကြီး အော်ဟစ်လိုက်သည် ။သူရဲ့ အစွမ်းအထက်ဆုံးသိုင်းကွက်အောက်မှာ ရှောင်လုံအသက်ရှင်နိုင်သေးတယ်ဆိုတာကို ချန်ထျန်ချီတစ်ယောက် ဘယ်လိုမှ မယုံနိုင်အောင် ဖြစ်နေသည် ။

ရှောင်လုံ နှုတ်ခမ်းတွေက အနည်းငယ်တွန့်ကွေးသွားပြီး သူ့လက်ထဲက နတ်ဓားတွေကို နောက်ထပ်တစ်ဖန် လွှဲယမ်းလိုက်သည် ။

ချန်ထျန်ချီကလည်း သူ့လက်ထဲက နတ်သားလှံဖြင့် ရှောင်လုံကို ဆောင့်ထိုးချလိုက်သည်။

".... နတ်သား နိုင်ငံ ...."

ချန်ထျန်ချီလက်ထဲမှာကိုင်ထားသော လှံကနေ ထွက်ပေါ်လာသော အလင်းတန်းတွေက နတ်သားတစ်ယောက် ပုံသဏ္ဍာန်သို့ ပြောင်းလဲသွားပြီး ချာချာလည်ကာ ရှောင်လုံတိုက်ခိုက်မှုတွေကို ထိန်းချုပ်ထားလိုက်သည် ။

ရှောင်လုံကိုယ်က တချက်တုန်သွားပြီးနောက် သူ့ကိုယ်ထဲမှ နဂါးစွမ်းအင် အမျှင်တန်းတွေထွက်ပေါ်လာကို အကုန်လုံး မြင်တွေ့လိုက်ကြသည်။ ထိုကဲ့သို့ ထွက်ပေါ်လာသော စွမ်းအင်အမျှင်တန်းလေးတွေက နတ်နဂါးကြီးများအဖြစ်သို့ ကြောင်းလဲသွားသည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now