51 - 55

339 28 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် ( Invincible)

အပိုင်း ၅၁.......တခုခုတော့ အကြီးအကျယ်ကိုဖြစ်တော့မယ်

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

    သူညီကိုပါ ခေါင်းဖြတ်သတ်မယ်လို့ကြားတာနဲ့ စစ်သူကြီးချုပ်ရဲ့ ဒေါသတာတမံက မထိန်းချုပ်နိုင်တော့ပဲ ကျိုးပေါက်သွားကာ အော်ပြီးအမိန့်ပေးလိုက်သည်
     "... ငါအမိန့်...  အခုချက်ချင်း တပ်မဟာ ဆယ်ခုပြင်ပြီး စကြာဝဠာကျောင်းကို ဝိုင်းဖို့ပြင်ဆင်ကျ.... "

  တပ်မဟာဆယ်ခု....  ဒါဆို စစ်သားအဟောက်တသိန်းပဲ.....!

စစ်သား တသိန်းနဲ့ စကြာဝဠာကျောင်းကို ဝိုင်းမယ်..... !

အဲ့ဒါကို ကြားတော့ ဟောက်ထျန်ကို အစီရင်ခံလိုက်တဲ့စစ်သားနှစ်ယောက်လဲ အရမ်းကို အံသြသွားလေသည် ( ဆေးထိုးတုံးက ထိုးပြီးတော့ 😁😁)

  " ... မင်းတို့က ဘာကြောင်ပြီး ရပ်နေတာလဲ ငါပြောတာမကြားဘူး
လား.... "
   စစ်သားနှစ်ယောက် အံသြမင်သက်ပြီး မလှုပ်ရှားသေးတာကို တွေ့တော့ စစ်သူကြီးက အော်ပြီးကြိမ်းမောင်းလိုက်လေသည်။

".. ဟူတ်...  ဟူတ်ကဲ့ စစ်သူကြ်ိး..."
  စစ်သားနှစ်ယောက်လဲ တုန်လှုပ်ခြောက်ခြားစွာနဲ့ စစ်သူကြီးအမိန့်ကို ပြင်ဆင်ဖို့ ထွက်သွားကျလေသည်။

  "... သံလက်သည်း သိမ်းငှက်... "
  သူတို့နှစ်ယောက် ထွက်သွားတာနဲ့ ဟောက်ထျန်လဲ ကောင်းကင်ကိုမျက်နှာမူကာ အကျယ်ကြီး အော်ခေါ်လိုက်သည်။ ဟောက်ထျန်အော်သံဆုံးသွားတာနဲ့ ကောင်းကင်ထက်ကနေ ကြီးမားတဲ့ မီးခိုးရောင် သိမ်းငှက်ကြီးက ကျယ်လောင်စွာ ဟိန်းသံပေးရင် ပေါ်လာလေသည်။

  အိမ်တော် အစောင့်တွေနဲ့ စစ်သားတွေလဲ သိမ်းငှက်ကြီးပေါ်လာတာကိုကြည်ရင်း သူတို့အမူအရာတွေ ချက်ချင်းပြောင်းလဲသွားကျကာ
တခုခုတော့သေချာပါက်ကို ကြီးကြီးမားမားဖြစ်တော့မှာပဲ.... !

  အရမ်းကို အရေးကြီးတဲ့ ကိစ္စကျမှ စစ်သူကြီးချုပ်က သူ့သိမ်းငှက်ကို ဆင့်ခေါ်တာမဟုတ်လား..... ။

".....  မြေကြီး အဆင့် ၈ နဲ့ အထက် စစ်သားအားလုံး စစ်မြေပြင်ကွင်းမှာ စုစည်းကျ... "
   အဲ့နောက်မှာ စစ်သူကြီး ဟောက်ထျန်ရဲ့ ကျယ်လောင်စွာ အမိန့်ပေးသံက အိမ်တော်တခုလုံးကိုလွှမ်းခြုံသွားလေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now