171 - 175

275 22 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၇၁ ..... နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲ (3)

 
ပေရှို့ ရဲ့လက်ဝါးက ရှောင်လုံရင်ဘတ်ကိုတည့်တည့်မတ်မတ်ထိမှန်သွားတာကိုမြင်လိုက်ကြတော့ သိုင်းပြိုင်စင်အောက်က ပရိတ်သတ်တွေအကုန်လုံးရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည် ။

".. ဟဟ..  မင်းကိုငါပြောသားပဲ...  ဒီကောင်လေး ဒီတဆင့်မှာတင်အောင်ဖျာလိပ်ပြီး ပြန်ရမှာပါလို့  .."

"... ဟာဒီကောင်ကတော့ ထိပ်တန်းအဆင့်၁၂ သိုင်းဝိညဉ်ပိုင်ရှင်တွေကို ဂုဏ်သိက္ခာကျအောင်လုပ်ပြန်ပါပြီ...  အဆင့် ၁၂ ထိပ်တန်းသိုင်းဝိညဉ်ကို ပိုင်ဆိုင်ပြီး ပထမအဆင့်တောင်မကျော်နိုင်တာဆိုလို့ သူတယောက်ပဲ ရှိသေးတယ်... ဒီကောင်ကြောင့် ပါရမီရှင်တွေပါ မျက်နှာ ပျက်တယ်ကွာ... "

သိုင်းပြိုင်စင်အောက်က ပြိုင်ပွဲဝင်တွေဆီကနေ ကျယ်လောင်သော လှောင်ပြောင်ရှုတ်ချသံတွေ ထွက်ပေါ်လာသည်။

ရှဲပူတိကိုယ်တိုင်တောင်မှ စိတ်ပျက်သွားသလိုမျိုး ခေါင်းခါလိုက်သည်။
".. အင်းကြည့်ရတာ ငါ ဟောင်ရှောင်လုံကို တော်တော်လေး အထင်ကြီးမိတာပဲ... "

ရှောင်လုံအစောပိုင်းက သူ့ဖီးနစ်ငှက်ရဲ့ မီးတောက်ချီတွေကို ခုခံနိုင်တာမြင်တော့ ရှဲပူတိက ဟောင်ရှောင်လုံအနေနဲ့ သူ့ပြိုင်ဘက်ဖြစ်နိုင်ဖို့ အရည်အချင်းနဲနဲရှိတယ်လို့ သတ်မှတ်ထားတာပဖြစ်သည်။ ဒါပေမယ့် တခြားကောင်တွေလိုပဲ ဟောင်ရှောင်လုံဆီမှာ သူ့ပြိုင်ဘက်ဖြစ်နိုင်တဲ့ အရည်အချင်းမရှိဘူးဆိုတာကို သက်ပြေလိုက်ပြီမဟူတ်လား....။ 

အားလုံးပြောတဲ့စကား မှန်တယ်...  ဟောင်ရှောင်လုံက ထိပ်တန်းအဆင့်သိုင်းဝိညဉ်ပိုင်ရှငိတွေကို အရှက်ခွဲနေတာပဲ... !

ပေရှို့ ရဲ့ လက်ဝါးနှစ်ဖက်က ရှောင်လုံရင်ဘတ်ကိုထိမှန်သွားတာကိုကြည့်ရင်း ရန်ခမ်းတယောက် အတော်လေးကို အူးမြူးသွားသည်။
သူမျက်နှာတခုလုံးက အပြုံးတွေဖြင့် တောက်ပနေလေသည်။

ချိုင်လီမျက်နှာမှာတော့ ရှောင်လုံကိုကြည့်ပြီး စိတ်ရှုပ်ထွေးနေကာ အကြီးအကျယ်စိတ်ပျက်သွားဟန်လဲပေါက်နေသည် ။ သူမပထမဆုံး သိတ်ဝင်စားခဲ့တဲ့ ယောက်ျားလေးက ဒီအောက်ပျော့ညံပြီး သုံးစာမရမှန်း
ချိုင်လီအနေနဲ့့ လုံးဝမမျှောင့်လင့်ထားပေ... ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now