526 - 530

179 10 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၂၆......

ပျံသန်းသွားကြသော စကြာဝဠာသိုင်းပညာရှင်များက မည်သည့် အခင်းအကျင်းကိုမှ အသုံးပြုခြင်းမရှိဘဲ မြို့တံတိုင်းတစ်လျှောက် တစ်တန်းတည်းသာ ရပ်လိုက်ကြသည်။ ထိုနောက် စွမ်းအားပြင်စထန်သော သိုင်းကွက်များဖြင့် နတ်ဘုရားကျောင်းတော်၏ ဂိုဏ်းသားများကို စတင်တိုက်ခိုက်ကြသည်။

မျက်စိတမှိတ်အတွင်း သွေးချောင်းစီပွဲကြီး ဖြစ်ပေါ်လာသည်။ သွေးများက နေရာအနှံ့သို့ ပြန့်ကျဲနေကြပြီး နာကျင်စွာ အော်ဟစ်သံများဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။

ကျန်းကျင်ဖန်ဦးဆောင်လာသော စစ်တပ်ကြီးက လူဦးရေ သန်းလေးဆယ်ကျော် ပါဝင်သော်လည်း
လူနှစ်သန်းကသာ ကောင်းကင်အဆင့် သိုင်းသမားများ ဖြစ်ကြသည်။

ရှောင်လုံဘက်မှ စကြာဝဠာသိုင်းပညာရှင် အယောက်တစ်ထောင် စတင်တိုက်ခိုက်လိုက်သည်နှင့်
စက္ကန့်ပိုင်းအတွင်းမှာဘဲ သောင်းနှင့်ချီသော သိုင်းပညာရှင်များက သွေးအမှုန့်အစများအဖြစ် ပေါက်ကွဲသေဆုံးကုန်ကြသည်။ စကြာဝဠာသိုင်းပညာရှင်နှင့် ကောင်းကင်အဆင့် သိုင်းသမားများကြားမှ ကွက်လပ်ကြီးက အရမ်းကိုကြီးမားလွန်းလှသည်။

မြေကြီးအဆင့်သိုင်းသမားများ၏ အရေအတွက်က ကြောက်စရာကောင်းသော်လည်း သူတို့တိုက်ခိုက်မှုများနှင့်ထိမှန်သွားသော စကြာဝဠာ သိုင်းပညာရှင်များမှာ အယားတောင် မပြေလိုက်ကြပေ။

ရှောင်လုံ၏ စကြာဝဠာ သိုင်းပညာရှင်အယောက်တစ်ထောင်ကျော်က သူ့စစ်တပ်အား အမဲဖျက်နေသည့် မြင်ကွင်းကိုကြည့်ရင်း ကျန်းကျင်ဖန်က အရမ်းကို ဒေါကန်သွားသည်။
သူနှင့် ဂိုဏ်းခွဲမှူးများက ကျောင်းရှုတို့ကို ဝင်ရောက်တိုက်လိုက်မည့်အချိန်တွင် သူတို့အရှေ့သို့ ရှောင်လုံရောက်ရှိလာပြီး သူတို့လမ်းကို  တားဆီးသည်။

ထိုနောက် ရှောင်လုံက လက်ဝါးတစ်ချက်ကို ညင်သာစွာ ဆန့်ထုတ်လိုက်သည်။ ထိုလက်ဝါးချက်က ချစ်သူပါးပြင်လေးကို ပွတ်သပ်လိုက်သလိုကို ညှင်သာလေသည်။ သို့သော်လည်း ထိုလက်ဝါးချက်ကိုကြည့်ရင်း ဂိုဏ်းခွဲမှူးများ၏  မျက်နှာများက ဖြူဆုတ်သွားကြသည်။ ထိုနောက် သူတို့လေလည်ချိန်ပင် မရလိုက်ပေ ။ အားလုံး၏ ခန္ဓာကိုယ်များက တစ်ပြိုင်နက် ပေါက်ကွဲထွက်ပြီး သေဆုံး ကုန်ကြသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now