861 - 865

141 10 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၆၁ ..... မဟာနတ်ဘုရားအဆင့် သို့ ရောက်ရှိခြင်း

ချိုင့်ဝှမ်း အပြင်ဘက်၌ စုဝေးနေကြသော တပည့်များအားလုံးသည် အဝေးသို့ ကြောက်လန့်တကြား ပြေးလိုက်ကြသည်။ ထိုအချိန်တွင် ရှောင်လုံ၏ စိတ်ဝိညာဥ်ပင်လယ်သည် အမြန်ဆုံးနှုန်းဖြင့် ဆက်လက်ကြီးမားလာပြီး အချိန်တိုအတွင်း မီတာ တစ်သောင်း ထိ ကျယ်ပြန့်လာပေသည်။

သူ့၏ အသွေးအသားများက ဆက်လက် စုတ်ပြဲကာ သွေးများ ယိုစီးကျလာသည်။ ထို့နောက် နတ်မီးတောက်လေးမျိုး၏ အဆီအနှစ်က ထိုစုတ်ပြဲမှုများကို ပြန်လည်ကုသပေးနေပြီး သူကမူ လျှပ်စီးနယ်မြေကမ္ဘာ၏ အသန့်စင်ဆုံးသော လျှပ်စီးစွမ်းအင်အား သူ့၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက်စုပ်ယူနေပေသည်။

အဝေးမှ ကြည့်မည်ဆိုလျှင် ရှောင်လုံသည်လျှပ်စီးဖြင့် မွေးဖွားလာသည့်နှယ် ဖြစ်နေပေသည်။ ပထမဆုံး သူ့၏ သွေးကြောများနှင့် မရီဒီယန်သွေးကြောများ ပျောက်ကွယ်သွားသည်။ ထို့နောက် သူ့၏ အတွင်းအင်္ဂါများ၊ အရိုးများနှင့် အသားများ ပျောက်ကွယ်သွားသည်။ ၎င်းတို့က ကောင်းကင်ဘုံ၏ အောက်တွင် စွမ်းအားအကြီးဆုံး ခန္ဓာကိုယ်များထဲမှ တစ်ခုအသွင်သို့ ပြောင်းလဲသွားပေသည်။

သုံးလ ကြာညောင်းသွားသည်။

ရှောင်လုံ၏ စိတ်ဝိညာဥ်ပင်လယ်ထက်ရှိ အလင်းရောင်သုံးခုသည် ယခုအခါ၌ မီတာ တစ်သောင်းခွဲ ကျယ်ပြန့်သွားပြီဖြစ်သည်။

အလင်းတန်းသုံးခုက ဆက်လက် လှုပ်ခါနေချိန်တွင် ၎င်း၏ ပတ်ပတ်လည် မီတာ ဆယ်သန်းသည်လည်း စည်းချက်ညီညီ လှုပ်ခါနေပေသည်။ ထိုအချိန်တွင် မည်သူကမှ ချိုင့်ဝှမ်း၏ မီတာ သန်းတစ်ထောင်အတွင်းသို့ ဝင်ရောက်မလာရဲကြပေ။

ရှောင်လုံက သူ့၏ နတ်ဘုရားဦးခေါင်းကို ဖွဲ့တည်ကာ မဟာနတ်ဘုရားအဆင့်သို့ ချိုးဖြတ်နေချိန်တွင် အပြင်ဘက် ထာဝရကမ္ဘာကွင်းပြင်၌ ဖုယန်တို့အုပ်စုသည် အဆင့်ဇယားကို စူးစိုက်ကြည့်နေမိကြသည်။ သူတို့သည် ဒယ်အိုးပူပေါ်မှ ထိတ်လန့်နေသော ပုရွတ်ဆိတ်လေးများနှယ် ဖြစ်နေကြပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now