961 - 965

144 7 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၆၁.....တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသခင်လေး အရိုက်ခံရခြင်း

စက္ကန့်ပိုင်းမျှ ကြာပြီးနောက် တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ မဟာအကြီးအကဲ များသည်လည်း ရောက်ရှိလာပြီး သူတို့ ဂိုဏ်းသခင်၏ ရှေ့၌ ရိုသေလေးစားစွာ ဒူးထောက်လိုက်ကြကာ ကြိုဆိုလိုက်ကြလေသည်။

တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသခင်၏ အကြည့်သည် လူအုပ်ကြီးပေါ်သို့ ရောက်ရှိသွားပြီး မေးမြန်းလိုက်လေသည် ။

" ဂိုဏ်းသခင်းလေးက ဘယ်မှာလဲ "

" ဂိုဏ်းသခင်ကို လျှောက်တင်ပါတယ်... ဂိုဏ်းသခင်လေးက စိတ်ဝိညာဉ် ရေကန်နန်းတော်မှာ သွားရောက်ကျင့်ကြံနေပါတယ်...ကျုပ်က အဲ့ဒီ ကိုသွားပြီး ဂိုဏ်းသခင် ပြန်လာတဲ့အကြောင်း သတင်းပို့လိုက်ရမလား"

ငရဲတစ္ဆေတမန်တော် က မေးမြန်းလိုက်သည်။

" ဂိုဏ်းသခင်လေးက စိတ်ဝိညာဉ် ရေကန်နန်းတော်ထဲမှာ ကျင့်ကြံနေတယ်ဆိုမှတော့ သူ့ကို နောက်ယှက်နေစရာမလိုဘူး...ငရဲပင်လယ်က ပြန်ရောက်လာတော့ နတ်ဆိုးဘုရင် နန်းတော်ရဲ့ တည်နေရာ ကို အနည်းနဲ့အများ သိရှိလာတယ်...ဒါပေမဲ့... နတ်ဆိုးကလန် မရှိဘဲ နန်းတော်ကို ဖွင့်ဖို့အတွက် လောလောဆယ် နည်းလမ်း မရှိသေးဘူး"

တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသခင်၏ အသံက လေးနက်တည်ကြည်သွားလေသည်။

" နတ်ဆိုးပုတီးစေ့ က ဘယ်နေရာမှာ ရှိလဲဆိုတာ မင်းသိလား"

" ကျွန်တော် တို့ ရရှိထားတဲ့ သတင်းတွေအရဆိုရင်...နတ်ဆိုးပုတီးစေ့ က ဟောင်ရှောင်လုံ ရဲ့ လက်ထဲမှာ ရှိနေတာ ကိုးဆယ်ရာခိုင်နှုန်းအထိ သေချာတယ် "

ငရဲတစ္ဆေတမန်တော် က ဆက်ပြောလိုက်လေသည် ။

" ဟောင်ရှောင်လုံ က မရဏလမ်းမှာ ရောက်နေတယ်... ကျုပ်တို့က သူ့ရဲ့ တည်နေရာကို ရှာမတွေ့သေးတာပဲရှိတာပါ"

တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသခင်၏ အသံက ပိုမို လေးနက်တည်ငြိမ်လာပေသည်။

" အင်အားကုန် သုံးပြီး ရှာလိုက်...ဟောင်ရှောင်လုံ ကို တွေ့အောင်ရှာရမယ်...နတ်ဆိုးဘုရင် ချန်ခဲ့တဲ့ ရတနာတွေထဲမှာ ငါ့အတွက် အရေးပါတဲ့ အရာ တစ်ခုခု ရှိနေတယ်"

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now