651 - 655

176 10 1
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၅၁ ......

".... နောက်ပြီး သိုင်းလောကထဲကလူတိုင်းလိုလိုမှာ ဆရာတွေ တစ်ယောက်ထက်ပိုပြီး ရှိကြတယ် ..."

အဘိုးအို၏လေသံက ပိုမိုနူးညံသွားသည်။ အဘိုးအိုက ယန်ယီကို မေးလိုက်သည်

"... ယန်ယီ .... ငါသိသလောက်တော့ နင့်မှာလည်း ဆရာလေးယောက်ထက်မနည်း ရှိတယ်မလား...?"

ယန်ယီက ပြန်မဖြေပေ ။ သို့သော် ယန်ယီ၏ အမူအရာကို အကဲကြည့်ရုံဖြင့် လမင်းဆင်းသက်ခြင်း အဘိုးအို၏ စကား မှန်ကန်ကြောင်း သိနိုင်သည်။

အဘိုးအိုက ရှောင်လုံဘက်သို့ နောက်တစ်ကြိမ် ပြန်လှည့်လိုက်သည်

".... မင်းဆရာ ဖုယန်ဆိုတဲ့ကောင်လေးမှာလည်း ဆရာ သုံးယောက်တောင်ရှိတယ်ကွ ... အဲ့ဒါကြောင့် မင်း ငါ့ဆီမှာ တပည့်ခံလိုက်မယ်ရင်တောင် မင်းဆရာကို သစ္စာဖောက်ရာ မကျပါဘူးကွာ..."

အဘိုးအို၏ အဆက်မပြတ် မြူစွယ်မှုကြောင့် ရှောင်လုံစိတ်ဓတ်များက အနည်းငယ် ယိမ်းယိုင်လာသည်။ အဘိုးအိုပြောသည့်အတိုင်း သိုင်းလောကအတွင်းမှ သိုင်းပညာရှင်တိုင်းမှာ ဆရာတစ်ယောက်ထက် မနည်းရှိကြသည်။ ထိုကြောင့် လမင်းဆင်းသက်ခြင်း အဘိုးအိုထံတွင် ရှောင်လုံ တပည့်ခံလိုက်လျှင်လည်း ဖုယန်အပေါ် သစ္စာဖောက်ရာ မကျပေ။

သို့သော် ဤအဖြစ်အပျက်သည် အရမ်းကို မြန်ဆန်လွန်းတာကြောင့် ရှောင်လုံစိတ်ထဲမှာ ဆုံးဖြတ်ချက် မချနိုင်အောင် ဖြစ်နေသည်။

"..ဆရာကြီး ... အခု အဖြစ်အပျက်တွေက ကျွန်တော်အတွက် နည်းနည်း ရုတ်တရက် ဆန်နေတယ် ... ကျနော် ဆုံးဖြတ်ချက်မချခင် အနက်ရောင် သူရဲကောင်း တက္ကသိုလ်ကို ပြန်ပြီးဆရာနဲ့ အရင်ဆုံး တိုင်ပင်ချင်ပါတယ် ..."

ရှောင်လုံက အချိန်အနည်းငယ်ခန့် စဉ်းစားပြီးနောက် ပြောလိုက်သည်

"... ဒါပေမယ့် ပင်လယ် လမင်း ဆင်းသက်ခြင်း ဆေးနည်းကရော ....?"

ရှောင်လုံစကားမဆုံးခင်မှာ အဘိုးအိုက မကျေမနပ်ဖြင့် ပွက်ပွက်ညံအောင် ကန့်ကွက်လိုက်သည်

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now