946 - 950

149 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၄၆ ..... မော့တင်းထန်း လေထဲသို့ လွင့်စင်သွားခြင်း

မော့စုနှင့် မော့ကျန်းရုတို့ကြား ပြောသမျှ စကားအားလုံးကို ရှောင်လုံ ကြားလိုက်ရပေသည်။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ မော့စုသည် သေကို သေရပေမည်။

သူ့ကို တားမြစ်သည့်သူတိုင်းလည်း သေရမည် ဖြစ်သည်။

ဟောင်ရှောင်လုံက သူ့အား သတ်ဖြတ်ချင်နေကြောင်း ကြားလိုက်ရချိန်၌ မော့စုသည် သူ့၏ အမူအရာ ကို အလျှင်အမြန် ထိန်းချုပ်လိုက်လေသည်။ သူက ရှောင်လုံကို လက်ညှိုးထိုးကာ အားပါးတရ ရယ်မောလိုက်သည်။

"ဟောင်ရှောင်လုံ...မင်း အခု ဘာပြောလိုက်တာလဲ...ဘာလို့ မင်း နောက်တစ်ခါ ထပ်မပြောရတာလဲ"

မော့စုက ရယ်မောနေရင်း မော့ကျန်းရုဘက်သို့ လှည့်ကြည့်လိုက်သည်။

"သူ ငါ့ကို ဘာပြောလိုက်လဲ ဆိုတာ မင်းကြားလိုက်လား...ငါက ဒီနေ့ သေချာပေါက် သေရမယ်လို့ သူကပြောနေတယ်...သူက ငါ့ကို သတ်ချင်နေတယ်ကွ"

မော့စု၏ ရယ်မောသံက အလွန်တရာ ကျယ်လောင်နေပြီး ရှောင်လုံကို သရော်လှောင်ပြောင်လိုက်သည်။

"ဟောင်ရှောင်လုံ...မင်းက ငါ့ထက် သန်မာကြောင်း ငါ ဝန်ခံတယ် ဆိုပေမယ့်...မင်းကိုယ်မင်း ပြိုင်ဘက်ကင်းနေပြီလို့ တကယ်ထင်နေတာလား"

ထိုအချိန်၌ မော့စု၏ မျက်နှာက ဒေါသကြောင့် တွန့်လိမ်သွားလေသည်။ သူ့၏ မျက်လုံးများက သတဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး ရှောင်လုံကို စိုက်ကြည့်နေသည်။

"နိုးထလိုက်တော့ကွ...ဒါက နတ်ဆိုးမြို့တော်...ငါ့ရဲ့ ရှေးဟောင်းနတ်ဆိုးကလန် ဋ္ဌာနချုပ်ပဲကွ...ငါ သေစေချင်တဲ့ သူတိုင်း ခြွင်းချက် မရှိ သေကို သေရလိမ့်မယ်...မင်းက ငါ့ရဲ့ ရှေးဟောင်းနတ်ဆိုးကလန် ထဲကို ဝင်လာရဲတဲ့ သတ္တိ ရှိနေမှတော့...ငါက မင်းကို မြှုပ်စရာနေရာမပေးဘဲ သေခွင့်ပြုပေးရတာပေါ့"

"မင်းကို သတ်ပြီးရင်တော့...ငါက လီလူဆိုတဲ့ ကောင်မလေးကို ဂရုစိုက်လိုက်ပါ့မယ်"

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now