741 - 745

166 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၄၁ ..... ချီချင်းချင်း

ဟင်္သာပြဒါးငှက်တက္ကသိုလ် ၏ လက်ရွေးစင်တပည့် များသည် သူတို့၏ လေ့ကျင့်ရာနေရာများကို ဟင်္သာပြဒါးငှက်ကမ္ဘာမျက်နှာပြင်၏ ကြမ်းတမ်းသော မီးတောင်တန်းပေါ်တွင် ထားရှိကြသည်။

ချန်းဟွိုင်အန်း၏ မှတ်ဉာဏ်များအရ ကြမ်းတမ်းသော မီးတောင်တန်း၏ အောက်တွင် ကြီးမားလှသည့် မီးစွမ်းအင် စိတ်ဝိညာဉ်ကျောက်တုံး ကို မြုပ်နှံထားသည်။ ထို့ကြောင့် ကြမ်းတမ်းသော မီးတောင်တန်းသည် ဟင်္သာပြဒါးငှက်တက္ကသိုလ် ထဲရှိ အခြားနေရာများထက် စိတ်ဝိညာဉ်စွမ်းအင် ပိုမိုပေါများနေခြင်း ဖြစ်သည်။

ချန်းဟွိုင်အန်းက နတ်ဘုရားအဆင့် ၆ နောက်ပိုင်းအဆင့်တစ်ယောက် ဖြစ်သလို အပြစ်ပေးခန်းမသခင် မဟာအကြီးအကဲ ဝူဒီ၏ တပည့်ရင်းလည်း ဖြစ်သောကြောင့် ချန်းဟွိုင်အန်း သိုင်းကျင့်ကြံရမည့်အိမ်တော်မှာ ဆိုးရွားသည့်နေရာတစ်ခု မဖြစ်နိုင်ပေ။

ထိုနေရာသည် မဆိုးရုံသာမကဘဲ  တစ်နှစ်ပတ်လုံး စိတ်ဝိညာဉ်စွမ်းအင်များဖြင့် သိပ်သည်းနေသော မီးစွမ်းအင် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း၏ အလယ်တည့်တည့်၌ တည်ရှိလေသည်။ မိုးကြိုးမီးတောက်တောင်ထိပ်သည် စိတ်ဝိညာဉ်စွမ်းအင် ပေါများကြွယ်ဝနေသော်လည်း ထိုနေရာ၌ရှိနေသော ကာကွယ်ရေး အစီအရင်မှာမူ သာမန်မျှသာ ဖြစ်သည်။

နေ့တစ်ဝက်မျှ ပျံသန်းပြီးနောက် ရှောင်လုံလည်း မိုးကြိုးမီးတောက်တောင်ထိပ်သို့ ရောက်ရှိသွားသည်။ ၎င်းနေရာမှ ခုခံကာကွယ်ခြင်း အစီအရင်များကို ကြည့်ရင်း ရှောင်လုံတစ်ယောက် ခေါင်းယမ်းလိုက်လေသည်။

ချန်းဟွိုင်အန်း၏ မိုးကြိုးမီးတောက်တောင်ထိပ်တွင် ခင်းကျင်းထားသည့် ခုခံကာကွယ်ခြင်း အစီအရင်သည် ရှောင်လုံ၏ မျက်လုံးထဲတွင်တော့ အဖာဗရပွနှင့် အားနည်းချက်များစွာအား တွေ့မြင်နေရသည်။ ထိုအစီအရင်က နတ်ဘုရားအဆင့် ၇ နှင့် အောက်အဆင့် သိုင်းပညာရှင်များ ဝင်ရောက်လာခြင်းကို ကာကွယ်ကောင်း ကာကွယ်နိုင်ပေလိမ့်မည်။ သို့သော် ၎င်းအစီအရင်များကို  အနည်းငယ်မျှတိုက်ခိုက်ရုံဖြင့် ချိုးဖျက်နိုင်စွမ်း ရှိသော နတ်ဘုရားအဆင့် ၇ သိုင်းပညာရှင်များလည်း ရှိနေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now