731 - 735

169 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၃၁ ...... အနက်ရောင်အကျဉ်းထောင်ထဲမှ နဂါးသားရဲကြီး

       မြေကြီးအောက်မှခေါင်းပြူထွက်လာသော ဧရာမသားရဲကြီးကို ကြည့်ရင်း ရှောင်လုံ နှင့်ရှောင်ဖေးတို့နှစ်ယောက် တုန်လှုပ်သွားကြသည်။ ထိုသားရဲကြီး၏ ဦးခေါင်းသည်ပင် မီတာငါးရာနီးပါး ရှည်လျားလေသည်။

သူတို့နှစ်ယောက် အံ့သြမှင်တက်နေကြစဉ် သားရဲကြီးသည် မြေကြီးအောက်မှနေ၍ ရုန်းထွက်လာသည်။ သားရဲကြီးကြောင့်  တောင်ကြားတစ်ခုလုံး ပျက်စီးသွားပြီး မြေမှုန့်များနှင့် ကျောက်တုံးများကလည်း နေရာအနှံ့တွင် ပျံသန်းနေကြသည်။

ထိုသားရဲကြီးသည် နဂါးနက်နှင့် အနက်ရောင် ဝက်ဝံတို့ ပေါင်းစပ်ထားသော မျိုးစပ်သတ္တဝါတစ်ကောင်နှင့် ဆင်တူနေသည်။ ၎င်း၏ မျက်လုံးမှာ ရဲရဲနီနေပြီး တောင်ကုန်းကြီးတစ်ခုလုံးကို ဝါးမြိုနိုင်သည်အထိ ကြီးမားသော ပါးစပ်ကြီးကိုလည်း ပိုင်ဆိုင်ထားသည် ။ ထိုသားရဲကြီး၏ နှာခေါင်းပေါက်မှလည်း အနက်ရောင် အခိုးအငွေ့များကို မှုတ်ထုတ်လျက်နေသည်။ ၎င်း၏ လက်သည်းများသည်လည်း ချွန်မြနေသော ဓားသွားများထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာကောင်းနေသေးသည်။

".... ဒါ မြေအောက် အကျဉ်းတိုက်ထဲက အနက်ရောင်နဂါးမျိုးစပ် သတ္တဝါကြီးပဲ ..."

ရှောင်လုံပါးစပ်မှ  အာမေထိတ်ရေရွတ်သံတစ်ခု လွှတ်ခနဲ ထွက်ပေါ်လာသည်။ အနက်ရောင် နဂါးမျိုးစပ်သတ္တဝါများသည် အမှောင်ဒြပ်စင်အမျိုးအစား မိစ္ဆာသားရဲများ ဖြစ်သည် ။ ထိုသားရဲများသည် ငရဲတွင်နေထိုင်သော ဗီဇကြမ်းတမ်းသည့်  ကမ္ဘာဦးဝိညာဉ်များ၏ မျိုးဆက်များဖြစ်သည်ဟု ဒဏ္ဍာရီများထဲတွင် ဆိုထားကြသည် ။ သူတို့သည် တိုက်ခိုက်ရာတွင် သာမက ခုခံမှုအပိုင်းတွင်လည်း အလွန်အစွမ်း ထက်ကြသည်။

တောင်ကြားထဲတွင် သေခြင်းအော်ရာများကို သူအဘယ်ကြောင့် အာရုံခံမိနေသည်ကို နောက်ဆုံး၌  ရှောင်လုံ နားလည်သွားသည်။ သေခြင်းအော်ရာများသည် နဂါးမျိုးစပ် သားရဲကြီးထံမှ ထွက်ပေါ်နေခြင်းပင် ....။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now