591 - 595

173 12 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၉၁ .....

စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျောက်မိသားစုသုများက သတိ ပြန်ဝင်လာကြသည်။သူတို့အားလုံးက ရှုံ့မဲ့နေသော မျက်နှာထားဖြင့် ရှောင်လုံအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ကြသည်။ ကျောက်လွေ၏ညမျက်နှာထားကလည်း မည်းမှောင်သွားသည်

".... ဟေ့ကောင် ....မင်း ငါ့တို့ ကျောက်မိသားစုဝင်တစ်ယောက်ကို သတ်ရဲတယ်ပေါ့လေ ...."

ရှောင်လုံက ကျောက်လွေအား အရူးတစ်ယောက်လို လှည့်ကြည့်လိုက်ပြီး

".... သတ်ရဲတယ်ဟုတ်လား ...? ကျောက်မိသားစုက ဘာမို့လို့ မသတ်ရဲရမှာလဲ ...?ဘာမှ ပူမနေနဲ့ ခဏကြာရင် မင်းတို့အားလုံးလည်း သူ့နောက်ကို လိုက်သွားရတော့မှာ ..."

ရှောင်လုံ၏ စိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်ရန် ဝင်၍အကြံပေးခဲ့သော အကြီးအကဲကလည်း ဒေါသ
ထွက်လွန်း၍ မုတ်ဆိတ်များပင် တုန်ခါနေသည်

".... မိုက်လိုက်တဲ့ အရူး ... နတ်ဘုရားအဆင့် ၂ သိုင်သမားတစ်ယောက်က တော်တော်ကို မောက်မာထောင်လွှားနေတာပဲ ...မင်းကို ငါကိုယ်တိုင် သတ်မယ် ...."

ထိုအကြီးအကဲက နတ်ဘုရားအဆင့် ၄ စဦးအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။ နတ်ဘုရားအဆင့် ၄ အလယ်အဆင့်သို့ ရောက်ရ်ှရန် ခြေတစ်လှမ်းစာမျသာ လိုတော့သူ တစ်ယောက်လည်းဖြစ်သည်။

အနက်ရောင် လိပ် ကြယ်စင်စုကြီးရှည်လျားသော သမိုင်းတစ်လျှောက်တွင် နတ်ဘုရားအဆင့် ၂ သိုင်းပညာရှင်က နတ်ဘုရားအဆင့် ၄ သိုင်းပညာရှင်ကို အနိုင်ရခဲ့သည့် ဖြစ်ရပ်မျိုးကို တစ်ခါမှ မထွက်ပေါ်လာခဲ့သေးပေ ။ ထိုကြောင့် ရှောင်လုံအနေနှင့် သမိုင်းအသစ်ရေးနိုင်လိမ့်မည်ဟု သူစိတ်ထဲမှာ မထင်ပေ ။

ထိုအကြီးအကဲ စတင်တိုက်ခိုက်ရန် ပြင်နေစဉ်  သူ့မျက်လုံးများက ဓားအလင်းတန်းတစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရသည်။ထိုနောက်  ဘာဖြစ်သွားမှန်းကို မသိသေးခင် သူ့ရင်ဘတ်က စူးစူးဝါးဝါးကို နာကျင်သွားသည်။ သူ ငုံ့ကြည့်လိုက်သောအခါ သူ့နှလုံးသားနေရာတွင် စိုက်ဝင်နေသည့်
သစ်သားဓားတစ်လက်ကိုမြင်တွေ့လိုက်ရသည်။
သစ်သားဓားက သူ့ရင်ဘတ်မှတစ်ဆင့် နှလုံးသားကို ဖောက်ဝင်၍ နောက်ကျောမှ ပြန်ထွက်လာသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now