771 - 775

182 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၇၇၁ ..... ဖုယန် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်း

ရှောင်လုံက နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် သိုင်းပညာရှင် ဖြစ်သော်လည်း ဆေးလုံးများနှင့် စိတ်ဝိညာဥ်စွမ်းအင်များ စုပ်ယူမှုအမြန်နှုန်းသည် မည်သည့် မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်းအဆင့် သိုင်းပညာရှင်ထက်မဆို မြန်ဆန်ပေသည်။

ထို့ကြောင့် သူက ကျားရှင်းထျန်း၏ အဆင့်လေး နတ်ဘုရားဦးခေါင်းကို စုပ်ယူသန့်စင်ရန် အချိန်များစွာ ယူရမည်မဟုတ် ဟု ခန့်မှန်းထားပေသည်။ အနည်းဆုံး သူ နတ်ဘုရားအဆင့် ၇ သိုင်းပညာရှင် ဖြစ်ခဲ့စဥ်က အဆင့်ငါး နတ်ဘုရားဦးခေါင်း ကို သန့်စင်ခဲ့သည့် ကြာချိန်ကဲ့သို့ အချိန်များစွာ ယူရမည်မဟုတ်ပေ။

အချိန်များက ကုန်လွန်သွားပြီး သုံးရက်ကြာ ကုန်ဆုံးသွားပေသည်။

ဝူဟွမ်တောင်ထိပ်...အနက်ရောင်သူရဲကောင်း တက္ကသိုလ်။

အဓိကခန်းမဆောင်ထဲရှိ ပလ္လင် နှင့် တူသော ထိုင်ခုံပေါ်တွင် ဝမ်နာသည် မဲမှောင် မှုန်ကုပ်သည့် အမူအရာ ဖြစ်နေလေသည်။

"ရွှေရောင်ဦးချိုသားရဲဘုရင်နဲ့ ကျားရှင်းထျန်းတို့ဆီက ဘာသတင်းမှ မကြားရဘူးလား "

၀မ်နာက မဲမှောင်နေသည့် မျက်နှာဖြင့် သူမနှင့် အနည်းငယ်ဝေးကွာသည့် နေရာ၌ရပ်နေသော အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ မဟာအကြီးအကဲ ကျန်းယီကျောင်းကိုမေးလိုက်လေသည်။

ကျန်းယီကျောင်းက လေးနက်သည့် အမူအရာဖြင့် ခေါင်းကိုခါပြလိုက်လေသည်။

"အခုထိတော့ ဘာသတင်းမှ မကြားရသေးဘူး "

သူကတုန့်ဆိုင်းနေပြီးနောက် ထပ်ပြောလိုက်သည်။

"လက်ထောက်ကျောင်းအုပ်ကြီး ... ရွှေရောင်ဦးချိုသားရဲဘုရင်နဲ့ ကျားရှင်းထျန်းတို့က မိုးသီးကျောက်တုံးနဲ့ ရွှမ်ကျီရတနာသိုက်တွေကို ခွဲယူလိုက်ကြတာမလို့ ... ယောင်ရှောင်လုံကို သတ်ပြီးတာတောင် လက်ထောက်ကျောင်းအုပ်ကြီးကို မဆက်သွယ်လာတာများလား "

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1On viuen les histories. Descobreix ara