796 - 800

165 11 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၇၉၆.....မရေမတွက်နိုင်သော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များ

"မင်းဘာပြောလိုက်တယ်... ဟောင်ရှောင်လုံက မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တွေကို စုဆောင်းနေတာလား”

"မဟာနတ်ဘုရားအဆင့် ၁ သိုင်းပညာရှင်တစ်ယောက်က တစ်နှစ်ကို အဆင့်မြင့်နတ်ဘုရားအတင့် စိတ်ဝိညာဥ် ကျောက်တုံးတစ်ရာ ရမှာတဲ့လား...မဟာနတ်ဘုရားအဆင့် ၂ သိုင်းပညာရှင်တစ်ယောက်ဆိုရင် အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဥ် ကျောက်တုံး နှစ်ရာ ရမှာတဲ့လား...မဟာနတ်ဘုရားအဆင့် ၃ ဆိုရင် သုံးရာ ရမှာလား"

"မဖြစ်နိုင်ဘူး ...ဟောင်ရှောင်လုံက ဘယ်လို လုပ်ပြီးတော့ အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးတွေရှိနေရတာလဲ... သူက ထိပ်တန်းရတနာသိုက်ကြီးကို ရှာတွေ့ထားတာလား...ပထမဆုံး မိုးသီးကျောက်တုံးရတနာသိုက်ကို ရတယ်...ပြီးတော့ ရွှမ်ကျီး ရတနာသိုက်ကိုလည်း ရထားတယ်... ဒါပေမယ့်... အဲ့လို ဆိုရင်တောင် ရတနာသိုက် နှစ်ခု ပေါင်းလိုက်မယ်ဆိုရင် ဒီလောက်များတဲ့ အဆင့်မြင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံးတွေ ရှိမှာမဟုတ်ဘူးလေ"

ရှောင်လုံက မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များကို စုဆောင်းလိုနေသည့် သတင်းသည် ကမ္ဘာပေါင်းများစွာဆီသို့ ကြီးမားလှ သည့် ဒီရေ လှိုင်းလုံးကြီးသဖွယ် ပြန့်နှံ့သွားရန် သိပ်မကြာလိုက်ပေ။ အနက်ရောင် လိပ်ကြယ်စင်စု၏ သန်းပေါင်းများစွာသော ကမ္ဘာများသည် ထိုသတင်းကို ပထမဆုံး လက်ခံ ရရှိလိုက်ကြပြီး တုန်လှုပ်သွားကြပေသည်။ ထို့နောက် မိုးပြာရောင်နဂါး ကြယ်စင်စု ၊အဖြူရောင် ကျားကြယ်စင်စု၊ ဟင်္သာ ပြဒါးငှက် ကြယ်စင်စုဆီသို့ ပျံ့နှံသွားသည်။

ထိုသတင်းကို ကြားလိုက်ရသည့် လူတိုင်းသည် မယုံကြည်နိုင်မှု များနှင့် တုန်လှုပ်သွားသည့် အမူအရာများကို ပြသလာကြသည် ။

ထိုသတင်းသည် ရှောင်လုံက ကျူးမိသားစုခေါင်းဆောင်ကို လှုပ်ရှားမှု တစ်ခုတည်းဖြင့် အနိုင်ယူခဲ့သည့် အကြောင်းထက် ပိုမို တုန်လှုပ်ဖွယ်ကောင်းလှပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now