456 - 460

212 10 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၅၆ .....

  ရှောင်လုံနှင့် သားရဲလူသားများဟာ ထူးခြားသော တောအုပ်အတွင်း ခရီးဆက်ခဲ့သည်မှာ တစ်နာရီခန့်ကြာမြင့်သွား၏ ။ တောနက်အတွင်းသို့ ရောက်လာသည်နှင့်အမျှ အအေးဓတ်ပိုကဲလာသလို
အမျိုးအမည်မသိသော သတ္တဝါများထံမှ အားနည်သော ညည်းတွားသံ တစ်ချို့ကိုလည်း ရှောင်လုံတို့ ကြားလိုက်ရသည်။

  အန်မီယာတို့လူစုဟာ မနှစ်မြို့ဖွယ်ရာ အော်ညည်း
များကြောင့် ကျောချမ်းကာ ရှောင်လုံအနားသို့ ပို၍ တိုးကပ်နေကြ၏။ 

".... အန္တရာယ်ပေးနိုင်တဲ့ တစ္ဆေတွေ ..."

"   ... အဲ့ဒါတွေက အန္တရာယ်ပေးနိုင်တဲ့ တစ္ဆေတွေပဲ ...."

သားရဲလူသားတစ်ယောက်က ကြောက်ခန့်တကြား အော်ဟစ်လိုက်သည်။ထိုအော်သံကြောင့် အားလုံးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။
ထိုအခါ လူဝိညာဉ်ကဲ့သို့ နားလည်နိုင်ရန်ခက်ခဲ့သည်
ထူးခြားသော သတ္တဝါတစ်ချို့အား မြင်တွေ့လိုက်ရသည်။ ထိုသတ္တဝါများက အစိမ်းရောင်တောက်ပနေသော မျက်လုံးများနှင့်အတူ အစွယ်များ ဖြဲလျက် ရှောင်လုံလူစုအား ခုန်အုပ်ရန် ချောင်းနေသည်။

အန်မီယာတို့လူစု ကြောက်ကြောက်လန့်လန့််ဖြင့် တိုက်ခိုက်တော့မည့်အချိန်တွင် ရှောင်လုံကသူတို့ အရှေ့သို့ထွက်လာသည်။ ထိုနောက် သူလက်တစ်ဖက်အား ရိုရှင်းသောပုံသဏ္ဍာန်ဖြင့် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ တောက်ပသောမီးတောက်များထွက်ပေါ်လာပြီး တစ္ဆေများက မီး
သဂြိုလ်ခံရသလို ချက်ချင်း ပျောက်ကွယ် သွားကြသည်။

ထိုအခါ တိုက်ခိုက်ရန်ပြင်ဆင်နေသည့် သားရဲလူသားများက ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ တစ္ဆေများပျော်မွေ့ရာ တောအုပ်အတွင်း ကျင်လည်ကျက်စားနေကြသော တစ္ဆေများက သတ်ရန်အလွန်ခက်ခဲလေသည်။

သူတို့ထံတွင် သွေးသားဖြင့် တည်ဆောက်ထားသည့် ခန္ဓာကိုယ်မရှိပေ ။ထိုကြောင့်လည်း သူတို့ကမည်သည့် လက်နက်ကိုမှ ကြောက်ရွံခြင်း မရှိပေ ။တစ်ခါက အန်မီယာတို့မျိုးနွယ်စု၏ ခေါင်းဆောင်ကြီး ယခုတောအုပ်အတွင်း၌ ကျင်လည်ကျက်စားနေသော တစ္ဆေနှစ်ကောင်နှင့် ရင်ဆိုင်တွေ့ခဲ့ဘူးသည်။ သူက နာရီပေါင်းများစွာကြာသည်အထိ အသေအကြေတိုက်ခိုက်ပြီးမှ ထိုတစ္ဆေနှစိကောင်ကိုသတ်ကာ တောအုပ်အတွင်းမှ ထွက်နိုင်ခဲ့သည်။ သို့သော် သူတို့အရှေ့မှ ဆံပင်အနက်ရောင်ဖြင့်လူသားလေးကတော့  လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် တစ္ဆေပေါင်းများစွာကို သတ်နိုင်ခဲ့သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now