661 - 665

201 11 3
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၆၁ ..... ငါ အရမ်းကို ဗိုက်ပြည့်နေပြီ

အဘိုးအို၏ ပါးစပ်က အရှက်မဲ့လှသည့် စကားများ ပိုမို ထွက်ပေါ်လာသည်ကို ကြားလိုက်ရလျှင် ရှောင်လုံမှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဆွံ့အသွားရတတ်သည်။
အဘိုးအို၏ မျက်နှာအရေထူပုံအပေါ် သူ့၏နားလည်ထားမှုမှာလည်း တစ်ကြိမ်ပြီး တစ်ကြိမ် မြင့်တက်လာသည်။

တကယ့်ကို ခန့်ညားတယ်တဲ့လား?
ရှောင်လုံလည်း အဘိုးအို၏ အပြင်ပန်း အသွင်အပြင်ကို ကြည့်လိုက်မိသည်။
ရှောင်လုံအမြင်အရ ဆိုရပါလျှင် ဤအဘိုးအို၏ မည်သည့်အစိတ်အပိုင်းကများ တကယ့်ကို ခန့်ညားနေကြောင်း လုံးဝ မပြောနိုင်ပေ။
ဝမ်နာ၏ တုန့်ပြန်ပုံမှာ ပို၍ပင် သိသာထင်ရှားလာပြီး သူမ၏ ရွှေရင်အစုံကဒေါသကြောင့် နိမ့်တုံ မြင့်တုံ ဖြစ်လာသည်။ လမင်းဆင်းသက်ခြင်းအဘိုးအိုကို ဒေါသအလျှောက် လက်ညှိုး ထိုးလိုက်မိသော်လည်း မည်သည့်စကားလုံးမှ ထွက်ပေါ်မလာပါပေ။ ဝမ်နာသည် အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ လက်ထောက်ကျောင်းအုပ်ကြီး ဖြစ်သလို အဆင့်မြင့်နတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်ယောက်လည်း ဖြစ်သည်မို့ သူမဘဝတလျှောက်တွင် ဤသို့သော နည်းမျိုးဖြင့် စော်ကားပြောဆိုခြင်း မကြုံခဲ့ရဘူးပေ။

လူသတ်လိုစိတ်များက သူမ မျက်လုံးထဲတွင် ဟာရီကိန်း မုန်တိုင်းနှယ် ဝေ့ဝဲသွားသည်။ သို့သော်လည်း ဝမ်နာက ၄င်းကို အားများစွာသုံး၍ ဖိနှိပ်ထားလိုက်သည်။ သူမအနေဖြင့် အနက်ရောင်သူရဲကောင်းတက္ကသိုလ် ရှိ သိုင်းပညာရှင်များ ရောက်ရှိလာသည်ထိ တောင့်ခံထားရန် လိုအပ်ပေသည်။

နောက်ဆုံးတော့ ဝမ်နာသည် သူမ စောင့်ဆိုင်းနေသည့်အသံများကို ကြားလိုက်ရသည်။ အသံများက နီးကပ်လာနေပြီး အရိပ်တစ်ခုပြီး တစ်ခု ထွက်ပေါ်လာကြသည်။

ပထမဆုံး ရောက်လာသူများမှာ အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ အခြား လက်ထောက်ကျောင်းအုပ်ကြီး နှစ်ဦးဖြစ်သော စုဟောင်တုံနှင့် လီချီကွမ်းတို့ ဖြစ်သည်။
သူတို့နှစ်ယောက်လုံး ရောက်လာကြချိန်တွင် ပထမဆုံး လုပ်သည့်အရာမှာ ပတ်ပတ်လည်ရှိ အခြေအနေကို ခြုံငုံလေ့လာလိုက်ခြင်း ဖြစ်သည်။ သူတို့၏အကြည့်များက လမင်းဆင်းသက်ခြင်းအဘိုးအိုရှိရာဆီ ရောက်သွားချိန်၌ နှစ်ယောက်စလုံးမှာ စိတ်ထဲတွင် တုန်လှုပ်ကုန်ကြသည် ။ သူတောင်းစားနှင့်တူပြီး ပိန်ခြောက်ခြောက်ကိုယ်နှင့် မျက်နှာရူး အဘိုးကြီးမှာ သူတို့အား အန္တရာယ်ရှိသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now