671 - 675

171 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၇၁ ..... မင်းတို့ အားကုန်သာ ကန်ပစ်လိုက်!

အစောင့်နှစ်ယောက်သည် ရှောင်လုံနှင့် ရှဲ့ပူတိတို့ရှေ့ ရောက်သွားချိန်၌ အရိပ်တစ်ခုက ရိပ်ခနဲ ဖြတ်သွားပြီး အရိုးကျိုးသံများနှင့်အတူ နာနာကျင်အော်ဟစ်သံနှစ်ခုက တစ်ချိန်တည်း ထွက်ပေါ်လာတော့သည် ။  အစောင့်နှစ်ယောက်လည်း နောက်ဘက်သို့ ပြန်ကန်ထွက်သွားပြီး လီကျီရှုံး၏ ခြေထောက်နားထိတိုင်အောင် လိမ့်သွားကြသည်။

သူ့ခြေထောက်နားသို့ လိမ့်လာသော အစောင့်နှစ်ယောက်ကို မြင်လိုက်ချိန်၌ လီကျီရှုံး၏ စိတ်ထဲမှာ တစ်ခဏမျှ ဗလာကျင်းသွားသည်။

ဖြစ်ရပ်များက အလွန်တရာ လျှင်မြန်လှသည်မို့ ကျိုးဝမ်ထင်း နှင့် ကျိုးဝမ်ရှန်းတို့နှစ်ယောက်လည်း ပါးစပ်အဟောင်းသားဖြင့် မှင်တက်နေကြသည်။

"... ဒါ ...ဒါက...ဘာတွေ ဖြစ်ကုန်တာလဲ...?"

လီကျီရှုံးလည်း သူ့၏ တုန်လှုပ်သွားမှုကို ချက်ချင်း ဖုံးကွယ်လိုက်သည် ။ ရှောင်လုံကို ကြည့်နေသော သူ့အကြည့်များက ရေခဲတမျှ အေးစက်လာသည်။

"... ကြည့်ရတာ ငါ မင်းကို လျှော့တွက်လိုက်မိတာပဲ ... မင်းက ပညာရှင်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ....? "

တစ်ဖက်လူသည် သူ့၏အစောင့်နှစ်ယောက်ကို တစ်ချက်တည်းနှင့် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိနေတာကြောင့် ထိုသူက  အနည်းဆုံး နတ်ဘုရားအဆင့် ၅ အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ရမည်ဟု လီကျီရှုံးစိတ်ထဲမှာ နားလည်လိုက်းည်  ။ ဤသို့သော စွမ်းအားမျိုးရှိသူကို တိမ်ပင်လယ် ပင်မကုန်းနှင့် အနက်ရောင်လိပ် ကြယ်စင်စုထဲတွင် အထက်တန်း သိုင်းပညာရှင်အဖြစ် သတ်မှတ်ထားကြသည်။

ဤသည်ကို ကြားလိုက်ချိန်၌ ကျောက်ဝမ်ထင်းနှင့် ကျောက်ဝမ်ရှန်း တို့လည်း ရှောင်လုံကို တုန်လှုပ်နေသော ပုဇွန်မျက်လုံးများဖြင့် ငေးကြည့်လိုက်သည်။
ဤလူငယ်လေးသည် ထိုမျှအထိ စွမ်းအားကြီးလိမ့်မည်ဟု သူတို့ စိတ်ထဲမှာ တွေးမထားခဲ့မိပေ ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now