551 - 555

176 12 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၅၁ ....

ရင်ပြင်ကျယ်အတွင်းမှ တခြားလူများကလည်း ဝမ်ပြောင်ယွမ်ကဲ့သို့ သံသယဝင်နေကြသည်။ သူတို့က ရှောင်လုံလို မယုံနိုင်သလို ကြည့်နေကြသည်။
ရှောင်လုံက နတ်ဘုရားတစ်ပိုင်းအဆင့်၌သာ ရှိသေးသည့် သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။
ထိုကဲ့သုိ့လူက ရမှတ် ၃.၅ ဘီလီယံကို အဘယ်ကဲ့သို့ ရှာဖွေခဲ့သနည်း ....?

နတ်ဘုရားတစ်ပိုင်း သိုင်းပညာရှင်တစ်ယောက်သည် မည်မျှ အစွမ်းထက်နေပါစေ
ထိုအမှတ်အား ရရှိရန် မလွယ်ကူပေ။
ပြိုင်ပွဲ၏ ခက်ခဲမှုကို ကိုယ်တိုင်ကြုံတွေ့ထားရသည့်
ပြိုင်ပွဲဝင်များရင်ထဲမှာ ရှောင်လုံ၏ ရမှတ်နှင့် ပတ်သတ်၍ မယုံကြည်မှုနှင့် သံသယများ ဖြစ်ပေါ်နေကြသည်။

ဂူဒူလျန်ကိုယ်တိုင်ပင် ရှောင်လုံ၏ ရမှတ်ကို လက်သင့်မခံနိုင်ပေ ။
သူက နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်သလို ဂူဒူမိသားစု၏ အစွမ်းအထက်ဆုံး ပါရမီရှင်တစ်ယောက်လည်း ဖြစ်သည်။
သူ့၏ ပင်ကိုစွမ်းရည်နှင့်ပတ်သတ်၍ ဂူဒူမိသားစု၏ ဘိုးဘေးများပင် တဖွဖွ ချီးကျူးရသည်။

သို့သော် ထိုကဲ့သို့  ပါရမီရှင်က နတ်ဘုရားတစ်ပိုင်း သိုင်းပညာရှင်အောက်တွင် အမှန်တကယ်ပင် ရှုံးနိမ့်ခဲ့ရလေသည်။

ရှောင်လုံက တည်ကြည်လေးနက်စွာဖြင့် ပြန်ပြောလိုက်သည်

"... ငါဘာသာ ရမှတ် ၃.၅ ဘီလီယံကို ဘယ်လိုပဲရရ
မင်းစောက်ပူ ပါလား  ...?"

ရှောင်လုံက ထိုစကားကို ပြောပြီးသည်နှင့် အနောက်လှည့်ကာ ကျောင်းသားသစ်များ စုဝေးနေသည့်နေရာသို့ လမ်းလျှောက်သွားရန် ပြင်လိုက်သည်။

"... ခွေးသား  မင်းသေချင်နေပြီထင်တယ် ...!"

ရှောင်လုံ၏ ရင်သီးသောစကားနှင့် ဂရုမစိုက်သော
အပြုအမူကြောင့် ဝမ်ပြောင်ယွမ်လည်း ပေါက်ကွဲသွားသည်။ သူက မာန်သွင်း၍ အော်လိုက်သည်

"... မရွေ့လျားနိုင်သော ပညာရှိ နတ်ဘုရင် လက်သီး.."

ထိုနောက် ရှောင်လုံ၏ နောက်ကျောဘက်သို့ လက်သီးဖြင့် ထိုးချလိုက်သည်။ ရုတ်တရက် ထွက်ပေါ်လာသော ဖိအားများကြောင့် လေထုကြီးပါ ပေါက်ကွဲသွားသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now