9:20

1.1K 191 5
                                    

( Arc 9 တွင်ပါဝင်သော အကြောင်းအရာများ ၊ လူပုဂ္ဂိုလ် ၊ ဘာသာရေးအဖွဲ့အစည်းများသည် စာရေးသူ၏ စိတ်ကူးယဥ် အတွေးသက်သက်သာဖြစ်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။ )

ပြုံးရယ်နေတဲ့မျက်နှာဖုံးတွေ၊ အရောင်စုံမိုးပျံပူစီဖောင်းတွေ ၊ ပြီးတော့ စိတ်လှုပ်ရှားပျော်ရွင်လွန်းလို့ ထိန်းမနိုင်သိမ်းမရ ကျယ်ကျယ်လောင်လောင်
အော်ဟစ်ရယ်မောနေတဲ့အသံတွေ ၊ မြင်မြင်သမျှနေရာတိုင်းမှာကလေးတွေရောလူကြီးတွေပါ လက်ညိုးထိုးမလွှဲရှိနေပြီး ပျော်ရွင်နေသောလူတွေ  ။

ယံနောင် နားရွက်ထိတတ်ချိတ်နေအောင်ပြုံးရယ်နေသည့် ဂျိုကာမျက်နှာဖုံးတစ်ခုကို ဝယ်ကာ မျက်နှာမှာ တပ်လိုက်ပြီး ညီလင်းကို နောက်ယောင်ခံဆက်လိုက်နေခဲ့သည်။ ထူထပ်လှတဲ့လူအုပ်ကြား ညီလင်းမမြင်အောင် တိုးဝှေ့ပြီး နောက်ယောင်ခံလိုက်နေရသည်မှာ သိပ်တော့မလွယ်ကူလှ ။ အထူးသဖြင့်
သူ့ပုခုံးကို ဖြတ်တိုက်သွားသည့် သူတွေကြောင့် အခြေအနေက ပို၍ ဆိုးရွားလာသည်။ သိို့သော် သူ၏ ညာဘက်လက်ချောင်းများသည် ဘယ်ဘက်လက်သူကြွယ်တွင်ဝတ်ဆင်ထားပါသော လက်စွပ်ကို ပွတ်သပ်လိုက်ပါလျှင်အစောပိုင်း စိတ်မကြည်မလင်ဖြစ်မူများသည် အငွေ့သဖွယ် ပျောက်ရှသွားတတ်သည်။ ဒီကိစ္စတွေအားလုံးသာ ပြီးသွားခဲ့ပါလျှင်...။တမင်တကာ လုပ်ယူထားခြင်းမရှိသော အပြုံးတစ်ခုသည် ယံနောင်၏ မျက်နှာထက်၌ ပေါ်ပေါက်လာခဲ့၏ ။

ညီလင်းဆီသို့ သူ၏ အကြည့်အောက် တစ်ချက်မှ
မလွတ်စေရဘဲ နောက်ယောက်ခံလိုက်နေသည်။ ဒီနေ့တော့ သူနောက်ယောင်ခံလိုက်နေရသူမှာ ညီလင်းတစ်ယောက်တည်းမဟုတ်ဘဲ အန်ပါ ညီလင်းဘေးနားပါလာခဲ့သည်ဖြစ်၏ ။ အန်နှင့်ညီလင်းတို့နှစ်ယောက်၏ ပုံသဏ္ဍာန်သည် ရင်းနှီးနေခြင်းလည်းမဟုတ်သလို စိမ်းသက်နေသည့်ပုံလည်းမဟုတ်ပေ။
ညီလင်းသည် လူရှေ့သို့လျှောက်လျှင် ဘာမှပေကြံခြင်းမရှိသည့် အန်၏ နှုတ်ခမ်းကို တစ်ခုခုပေနေသယောင် လက်ဖြင့် ပွတ်သပ်ပေးနေခဲ့ပြီး လူကွယ်သွားသည့်အချိန်တွင်တော့ အန်၏ နှုတ်ခမ်းအား လက်ဖြင့် သုတ်ကာဖယ်နေခြင်းအားရပ်တန့်လိုက်သည်။ သို့သော်ငြား ညီလင်း၏ အကြည့်များသည်
အန်ထံသို့တစ်ခါတစ်ရံ အချိန်တစ်ခုကြာအောင်သက်ဆင်းသွားတတ်ပြီး အန် ရိပ်မိသွားသည့်အခါတွင်တော့ ခပ်ဝေးဝေးသို့ အကြည့်လွှဲ လိုက်သည်။
အန်၏ မျက်နှာကို သူ မမြင်ရပေမဲ့ ညီလင်းလုပ်သမျှကို ကြည်ဖြူနေပုံတော့မရ။
အန်သည် အဘယ်ကြောင့်ညီလင်းဘေးရောက်နေလဲဆိုတာ သူမသိသေးပေမဲ့ အခုလက်ရှိ အန်နှင့်ညီလင်းတို့၏ ဆက်ဆံရေးသည် သူ့အတွက်
နားမလည်နိုင်စရာ။

Resinner : Resystem ( Complete )Where stories live. Discover now