7:7

2.9K 490 3
                                    

Arc 7:7

အခြေအနေတွေကအရင်ထက်ပိုပြီးရှုပ်ထွေးလာသည်။ Cathy ပြောသည့်အတိုင်းဆိုရင် ဟိုကပ်ပါးကောင်က စာအုပ်ကိုရသွားပြီ။ အဲ့စာအုပ်ထဲမှာဘာတွေပါမှန်း သူမသိပေမဲ့ အရမ်းအရေးကြီးသည့်အရာတစ်ခုဖြစ်မယ်မှန်း ခန့်မှန်းလို့ရသည်။ Adam ရဲ့အမေ ကလည်း သူဖြေရှင်းရမည့် ပုစ္ဆာတွေထဲက တစ်ပုဒ်ဖြစ်နေသေးသည်။ ပြီးတော့ ကပ်ပါးကောင်ကို Willy ကိုယ်ထဲက နှင်ထုတ်ပြီး Zero ကိုပြန်ခေါ်ရမည်။ဒီမနက် Cathy ရောက်မလာတာကြောင့် Avi သူ့ဘာသာသူပဲကျောင်းသွားလိုက်သည်။

Cathy အိမ်တံခါးတွေက အမြဲတမ်းလိုလိုပိတ်ထားတာကြောင့် အထဲမှာ လူရှိမရှိမသေချာပေ။ Cathy မနေ့ကဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့် အချိန်လိုမည်ဟု Avi ယူဆထားတာကြောင့်လည်း Cathy ကိုသွားမနှောင့်ယှက်ဖြစ်တော့ပေ။ အချိန်တန်ရင် Cathy ထွက်လာလိမ့်မည်။ Cathy မရှိတဲ့အချိန်အတွင်း Avi ကျောင်းကလူတွေနှင့်အရင်ကထက်ပိုပြီး အဆင်ပြေလာခဲ့သည်။ Diana, Willy တို့နဲ့အရင်အတိုင်းမနေဘဲ သင်းကွဲငှက်လိုဖြစ်နေပေမဲ့ အဲ့လိုဖြစ်တာက ဘဲ သူ့ကိုများစွာ စိတ်သက်သာရာရစေသည်။ Jack ကတော့တစ်ခါတစ်ရံသူ့ကိုစကားလာပြောပေမဲ့ Avi ကတော့ ပုံမှန်အတိုင်းသာ ပြုမူပေးလိုက်သည်။

Adam ရဲ့အမေ Rinata က သူ့မျက်လုံးထဲမှာတဖြည်းဖြည်းနဲ့လျို့ဝှက်ချက်တွေများလာသည်။ သူသိထားသလောက် Adam တို့မိသားစုအကြောင်းက Adam ရဲ့အမေက စာကြည့်တိုက်မှူးတစ်ယောက်၊ Adam ရဲ့အဖေက Adam ငယ်ငယ်ကတည်းက ရောဂါနဲ့ဆုံးပါးသွားခဲ့သည်။ ဒီအကြောင်းအရာတွေက သူသိထားသမျှအကုန်သာဖြစ်ပြီး သူ မသိသေးသည့်အချို့အချက်အလက်တွေရှိနေဦးမည်ဆိုတာကို သိထားပေမဲ့ ဘယ်လိုပြန်ရှာဖွေရမလဲ။ ဓာတ်ပုံ Album ထဲမှာတော့ Adam 5 နှစ် 6 နှစ်အရွယ်လောက်ထိ Adam ရဲ့အဖေနဲ့အတူတူရိုက်ထားတဲ့ပုံတွေ တွေ့ပေမဲ့ နောက်ပိုင်းဓာတ်ပုံများတွင် Adam ရဲ့အဖေကိုရှာမတွေ့တော့သလို Adam ရဲ့၁၄ နှစ်အရွယ်က အားကစားပွဲတော်မှ ဓာတ်ပုံများမှလွှဲ၍ ထပ်မရှိတော့ပေ။

ညဘက်အိပ်ခါနီး သောက်ဖို့နို့မရှိတော့တာကြောင့် အပြင်ထွက်ဝယ်ရန် ဆုံးဖြတ်လိုက်သည်။24 hours ဆိုင်လေးက Adam တို့ရဲ့လမ်းထိပ်မှာရှိနေလို့သာတော်သေးသည်။ Cathy တို့အိမ်ဘက်ကိုကြည့်လိုက်တော့ မီးအလင်းရောင်နဲ့ အိမ်ထဲကလှုပ်ရှားမူတွေ ကိုတွေ့လိုက်သည်။ လမ်းနည်းနည်းလောက်လျှောက်တာနှင့် စတိုးကို ရောက်သွားသည်။ ဆိုင်ထဲမှာ ကောင်တာထိုင်နေသည့်ကောင်လေးမှတစ်ပါးအခြား စျေးဝယ်သူတော့မတွေ့ရ။ သူအပြင်ထွက်ဝယ်တဲ့အချိန်က နောက်ကျနေပြီဆိုတော့ လူမရှိတာက သိပ်တော့မထူးဆန်း။Avi နွားနို့အပြင်အခြားလိုအပ်တဲ့အရာတွေကိုဝယ်ပြီး ကောင်တာပေါ်တင်လိုက်သည်။

Resinner : Resystem ( Complete )Where stories live. Discover now