9:7

1.6K 266 7
                                    

9:7

ယံနောင်ဆီမှ သိရသလောက်နှင့် ဉာဏ်ကောင်းမြတ်အောင်ဆီက မှတ်ဉာဏ်များအရသူတို့နှစ်ယောက်ကြားမှာ အချိန်အတော်ကြာရင်းနှီးခဲ့သည့်သံယော
ဇဥ်များရှိမနေသလို ဉာဏ်ကောင်းမြတ်အောင်နှင့် ယံနောင်ကြားမှာ ထူးခြားသောကိစ္စများလည်းမရှိခဲ့ပေ။ ငယ်ငယ်က ကျွန်တော့်ကို ကယ်တင်ပေးခဲ့တာ ၊ ကျွန်တော့်ရဲ့အသက်သခင်ကျေးဇူးရှင် ဖြစ်လို့ပါ ဟုသော ရုပ်ရှင်ဆန်ဆန်အကြောင်းပြချက်များလည်း ခိုအောင်းမနေခဲ့ ။ ယံနောင်က ဒီအတိုင်း ရိုးရှင်းစွာပင် ဉာဏ်ကောင်းမြတ်အောင်ကို ချစ်မိခဲ့တာဖြစ်ပြီး ဉာဏ်ကောင်းမြတ်အောင်၏ မည်သည့် အရာကိုမဆို လက်ခံနိုင်ဖို့စဥ်းစားထားသည့်အတိုင်းပင်။ ဒါက ယုံကြည်နိုင်စရာမရှိပေမဲ့ မယုံကြည်နိုင်စရာလည်းမရှိပေ။

" ကျွန်တော်ကို မယုံနိုင်သေးဘူးလား "

" မင်းဆိုရင်ရော ယုံနိုင်မယ်တဲ့လား ။ ရုတ်တရက် တစ်ယောက်ယောက်က မင်းဘဝထဲရုတ်တရက်ပေါ်လာခဲ့ပြီး ကောင်းခြင်းဆိုးခြင်းများ ဝေမျှပေးပါ။ အတူတူဖြတ်သန်းရအောင်
လို့ပြောခဲ့ရင် မင်းရော ချက်ချင်းလက်ခံနိုင်မှာတဲ့လား "

တုံ့ဆိုင်းမူမရှိစွာ ခေါင်းညိတ်လက်ခံလိုက်သည့်ယံနောင်သည် avi အမြင်အာရုံထဲတွင်
ဂြိုလ်သားတစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။

" ကျွန်တော်က ချစ်ခြင်းမေတ္တာကို ယုံကြည်တယ် ၊
ကျွန်တော် ချစ်တဲ့သူရဲ့ ကောင်းခြင်းဆိုးခြင်းမှန်သမျှ လက်ခံနိုင်တယ် "

" မင်းက တစ်ဖက်ပိတ်လေးဘဲ ၊ ဘယ်သူပြောပြော နားမဝင်နိုင်တော့ဘူး "

" ဟုတ်တယ် ကျွန်တော်က တစ်ဖက်ပိတ်တစ်ယောက် ။ ဒါကြောင့် ဒီနေ့က စ ကျွန်တော့်ကို သဘောကျပေးပါ "

ကွဲပြားသည့်အဓိပ္ပါယ်ရှိသည့်စကားနှစ်ခုအား တစ်ကြောင်းတည်းဖြစ်အောင်ဆက်သွယ်ကာတူညီသည့် အဓိပ္ပါယ်ရှိသကဲ့သို့ သူလိုချင်သည့်နေရာကို ဆွဲယူလိုက်သေးသည်။

" ငါကမင်းကိုသဘောကျရမယ် အဓိပ္ပါယ်မှမရှိတာ "

" ချစ်ခြင်းတရားတွေမှာ
အဓိပ္ပါယ်ရှိနေဖို့မှ မလိုအပ်တာ "

Resinner : Resystem ( Complete )Where stories live. Discover now