6:13

4.8K 676 89
                                    

တစ်ညလုံးနာကျင်နေသည့် ဒဏ်ကိုအလူးအလဲခံစားနေရင်းဖြင့် အဖျားတွေတရိပ်ရိပ်တတ်လာသည်။ မနက်ရောက်
သည့်အချိန်မှသာ Boiler ကိုဖွင့်ပေးလိုက်သဖြင့် အရင်ကထက်အများကြီးပိုပြီးနေလို့အဆင်ပြေသွားသည်။ အလင်းရောင်တစ်ချို့က မှန်ပြတင်းတွေကိုဖြတ်ပြီး ကျရောက်နေသဖြင့် အလင်းရောင်နည်းနည်းဖြင့်ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်တော့ လူမနေတာကြာပြီဖြစ်လောက်တဲ့ အခန်းတစ်ခုထဲမှာ ငြိုးမာန်ခနိုင်နှိပ်စက်ခံနေရကြောင်း သိလိုက်သည်။ အနှိပ်စက်ခံငြိုးမာန်ခနိုင် မနိုးသေးသဖြင့်ဒီအခြေအနေကိုသိမှာမဟုတ်၊ ရင်းနှီးနေကျခြေသံတစ်စုံကိုကြားလိုက်ရသည်နှင့်အတူဂိုဒေါင်ကိုဖွင့်သဖြင့်ထွက်ပေါ်လာသော သံတံခါးနှင့်ကြမ်းပြင်တို့ထိရိုက်သံ တွေပါကြားနေသည်။ သူလာနေပြီ။

မင်းရတုပိုင်ရဲ့လက်ထဲမှာ စတီးဗန်းတစ်ဗန်းနှင့်အတူ တူအသေးတစ်ချောင်းကိုပါတွဲလျက်မြင်လိုက်သည်။ အိပ်ပျော်နေသည့် ငြိုးမာန်ခအား အရင်လို ရေအေးဖြင့် ပက်မနှိုးဘဲ ငြိုးမာန်ခရဲ့နဖူးပေါ်ကို လက်တင်လိုက်ပြီး အပူချိန်ကိုတိုင်းတာနေသည်။ထို့နောက်စတီးဗန်းထဲက ဆေးမှုန့်လေးတွေကိုထုတ်ကာ ရေနှင့်တူသည့်အရည်တစ်မျိုးနဲ့ဖျော်ပြီး အကြောထဲကိုထိုးထည့်ပေးလိုက်သည်။ဆေးရည်တွေအကြောထဲဝင်ရောက်လာသည်နှင့် ပထမဆုံးခံစားရသည့်ပူနွေးမူကတစ်ကိုယ်လုံးကိုဖြတ်ပြီး
စီးဆင်းသွားသလို ခံစားရသည်။

' One သူခန္တာကိုယ်ထဲကို ဘာတွေထိုးထည့်နေတာလဲ '

( အဖျားကျဆေး )

အနာပေးလိုက်၊ဆေးပေးလိုက်နဲ့
အဖျားတတ်ပြီးသေသွားမှာစိုး၍ ဆေးထည့်ပေးနေတာလား ။မသေမချင်းနှိပ်စက်ချင်၍ အသက်ကြောကို ဆွဲဆန့်နေတာလား ။
ကြည့်နေရင်းနှင့်ထူးဆန်းသည့်အရာတစ်ခုကိုမင်းရတုပိုင်က လုပ်လိုက်သည်။ တော်တော့်ကိုထူးဆန်းလွန်း၍ သူ ဘာဆက်ပြောရမည်မှန်းပင်မသိတော့။

ခေါင်းငိုက်စိုက်ကာ ကျနေသည့်ငြိုးမာန်ခရဲ့ ပါးကိုလက်ဖြင့်အသာအယာပွတ်သပ်လိုက်ကာ ပါးစပ်လှုပ်ရုံစကားတစ်ခွန်းပြောလိုက်သည်။ပါးစပ်သာလှုပ်ပြီး အသံမထွက်သည့်အတွက် ဘာစကားကိုပြောလိုက်မှန်းမသိပေမဲ့ ငြိုးမာန်ခကတော့မကြာခင်နိုးလာတော့မည်ဖြစ်၍ မင်းရတုပိုင်သူ့ရဲ့လက်ကိုရုတ်လိုက်သည်။နိုးလာသည့် ငြိုးမာန်ခက မင်းရတုပိုင်သူ့ရှေ့မှာရှိနေသည်ကို ကြောက်ရွံ့ဟန်လည်းမပြသလို မျက်နှာမှာဘာအရိပ်အယောင်ကိုမျှ ထုတ်ဖော်မပြခဲ့၊ သေရမည်ကို မကြောက်သည့်ဟန်က မျက်နှာမှာအထင်းသား။

Resinner : Resystem ( Complete )Where stories live. Discover now