9:13

1.1K 199 2
                                    

Arc 9 တွင်ပါဝင်သော အကြောင်းအရာများ ၊ လူပုဂ္ဂိုလ် ၊ ဘာသာရေးအဖွဲ့အစည်းများသည် စာရေးသူ၏ စိတ်ကူးယဥ် အတွေးသက်သက်သာဖြစ်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။

-------------------------

" မင်း အသံတိတ်ငိုမနေသင့်ဘူး "

" ကိုဉာဏ် တုန်းကရော အသံထွက်ငိုခဲ့ဖူးလား "

Avi ခေါင်းခါကာ လက်ထဲရှိဘီယာအား တစ်ကျိုက်တည်းမော့သောက်လိုက်သည်။သူတုန်းက ငိုဖို့အသံတောင် ထွက်မလာခဲ့ ၊ ကာယကံရှင်ကိုယ်တိုင်းက မငိုဖို့အတွက်ဖိအားပေးခဲ့တော့ မျက်ရည်တွေက ထွက်မကျလာတာဖြစ်နိုင်လိမ့်မည်။

" ကိုဉာဏ် တောင်မငိုတာ ကျွန်တော်က ငိုစရာလား "

အပြာရောင် ဒန်းလေးကို ခြေထောက်ဖြင့်အသာလွှဲကာ ညရဲ့လေအေးကို ခံစားရင်း တစ်ယောက်တစ်ခွန်းနှုန်းဖြင့်စကားတွေအပြန်အလှန်ပြောနေကြ၏ ။ ဒီညက လလည်း မသာသလို အပျင်းပြေ ရေတွက်စရာ ကြယ်တွေလည်းမရှိ ။ သို့သော် အိမ်ရှေ့မီးအိမ်လေးတစ်လုံးရှိနေရုံနှင့်ပင် သူတို့နှစ်ယောက်အတွက် အလင်းရောင် လုံလောက်နေပြီဖြစ်သည်။ အခြားဘာမှ ထပ်မလိုအပ်တော့ပါ လို့ သူကြီးကြီးကျယ်ကျယ်တွေမပြောချင်ပေမဲ့ အခုဒီအချိန်လေးကိုတော့သူသဘောကျသည်။ ဘေးမှာ တစ်စုံတစ်ယောက်ရှိနေသည့် ခံစားချက်မျိုး သူတကယ်သဘောကျသည်။

" ဒါပေမဲ့ ​အသည်းအသန် ပေါက်ကွဲပစ်လိုက်ရမဲ့အချိန်ဆိုတာတော့ ရှိသင့်တယ် "

" ကိုဉာဏ်ရော အဲ့ဒီလို ပေါက်ကွဲဖူးလား "

Avi ခေါင်းကိုခါယမ်းလိုက်သည်။ ပြီးနောက် ကုန်သွားသည့် ဘီယာအစား အခြားတစ်ဘူးကို ထပ်ဖွင့်လိုက်သည်။

" မရှိဘူး ၊ ငါက သိမ်းထားတုန်း "

ဖောက်ပြီးသွားသည့် ဘီယာဘူးကို မော့သောက်လိုက်ကာ မြိုချလိုက်ပြီးနောက် စကားကို ဆက်လိုက်သည်။

" ဘယ်တော့ပေါက်ကွဲထွက်မလဲဆိုတာ မသိပေမဲ့ပေါ့ "

" အဲ့ဒီအချိန် ရောက်ရင် ကိုဉာဏ် ကျွန်တော့်အပေါ်မှာ
ပေါက်ကွဲလိုက်လို့ရပါတယ် "

Resinner : Resystem ( Complete )Where stories live. Discover now