6:10

4.1K 716 43
                                    


" အခြေအနေ ဘယ်လိုရှိလဲ "

" စအိုဝကသွေးထွက်နေပြီး အနားစတွေစုတ်ပြဲနေတယ်။ကြည့်ရတာ အနိုင်ကျင့်ခံခဲ့ရပုံဘဲ၊ ဒါပေမဲ့ စအိုထဲမှာ ထိုးသွင်းခံထားရတာကလွှဲပြီး အခြားအရာကိုမတွေ့ခဲ့ဘူး။အထမမြှောက်ခင် ထွက်ပြေးလာတဲ့ပုံရတယ်  "

" ဒါသာ အနိုင်ကျင့်ခံရတာသေချာတယ်ဆို
ကျွန်မတို့ ကလေးသူငယ်စောင့်ရှောက်ရေး
ကိုတိုင်သင့်တယ် "

အဖြူရောင်ကုတင်တစ်ခုပေါ်သူနိုးလာခဲ့ပြီး
အပြင်ကစကားပြောနေတဲ့ လူနှစ်ယောက်ရဲ့အသံကိုကြားလိုက်သည်။ မူးဝေနေတဲ့ခေါင်းကို နှိပ်လိုက်ကာ ရေသောက်ရန်အတွက်လက်လှမ်းလိုက်စဥ် ခါးအောက်ပိုင်းကနာကျင်မူက စစဖြစ်ချင်းလောက်တော့ မနာကျင်ပေမဲ့ စူးပြီးအောင့်နေသေးသည်။ အပြင်ကလူတွေကအခုထိသူ့အကြောင်း ဆွေးနွေးနေကြပြီးသူသတိရလာတာကို မသိကြသေးပေ။

ကုတင်နဲ့သိပ်မကွာသည့်နေရာတွင် တီဗီတစ်လုံးကိုတွေ့ပြီးနိုင်ငံခြားဇာတ်ကားလို
ထင်ရသည့်ဇာတ်ကားကို ထုတ်လွင့်ပြသနေဆဲ ၊အခြားလုပ်စရာမရှိသည့်အတွက် အပြင်ကလူတွေအထဲဝင်လာမှာကိုစောင့်နေပြီး
တီဗီမှာလာနေသည့်ဇာတ်ကားရဲ့ အောက်က ဘာသာပြန်စာကြောင်းတွေကိုဖတ်နေသည်။ ခဏအကြာ သူတံခါးကိုထုရိုက်ခဲ့သည့် ကျန်းမာရေးဆေးခန်းက လူတွေဖြစ်နိုင်မည့်
လူနှစ်ယောက်ဝင်လာသည်။ ထိုထဲမှာ နူးညံ့ကြင်နာပုံရသည့်အမျိုးသမီးတစ်ယောက်က လွင်ပြင်ဆီကို နူးညံ့သည့်အပြုံးတွေနဲ့ ချဥ်းကပ်လာသည်။

" သားအဆင်ပြေရဲ့လား နေလို့အဆင်မပြေတဲ့နေရာရှိသေးလား "

လွင်ပြင်ခေါင်းကိုဖြည်းညင်းစွာ
ခါပြလိုက်သည်။

" သားဘယ်မှာနေတာလဲ အန်တီတို့လိုက်ပို့ပေးမယ်လေ "

လွင်ပြင်ခေါင်းကိုခါပြလိုက်ပြီး သူ့မျက်လုံးတွေက တီဗီမှာပြနေသည့်ဇာတ်ကားကိုသာ ကြည့်နေသည်။

" သားနောက်တစ်ခါ ဒီလိုထပ်မဖြစ်အောင်အန်တီတို့ လုပ်ပေးလို့ရတယ်။ သားကိုအနိုင်ကျင့်တဲ့သူကို အန်တီကိုပြောပြပေးပါလားသား "

Resinner : Resystem ( Complete )Where stories live. Discover now