10:26

1K 166 5
                                    

Arc 10:26

"  ငါနိုင်နိုင်တယ် ၊ ငါသူ့ကိုနိုင်နိုင်တယ် "

Vena သည် သူမ လက်ခုပ်ထဲရှိ သလင်းကျောက်အစိုင်အခဲများကို ကြည့်ကာ ဆိုလိုက်၏ ။ Bean ရဲ့လက်နက်မရှိလည်း
ရသလို Civest မရှိလည်း ရသည်။ သူမတစ်ယောက်တည်း ၊ သူမတစ်ဦးတည်း Zole ကိုတိုက်ခိုက်နိုင်သည်။ အနိုင်ပိုင်းနိုင်မည်။
သူမကိုစွန့်ပစ်ခဲ့ခြင်းအပေါ် နောင်တရစေရမည်။

Vena သူမရဲ့ ကိုယ်တွင်းရှိ ဒဏ်ရာများအား ပြန်လည်ကုစားဖို့ရန် လောကအဆုံးသတ်တွင်ရှိသော အေးခဲခြင်းမီးဂူတွင် လာရောက်ခိုလှုံနေခြင်းဖြစ်သည်။ထူထပ်သောနှင်းဖြူများ ၊ မကြာခဏဖြစ်တတ်သည့်နှင်းမုန်တိုင်းများနှင့်အတူ အလွန်အမင်းအေးခဲနေမူကြောင့် ဤနေရာကို ဘယ်သူမှ လာရောက်ခြင်းမရှိကြပေ။သူမ ဒီဂူထဲတွင်လာရောက်ပုန်းအောင်းကာ ကုသနေခြင်းမှာ အချိန်ကာလအားဖြင့် ခန့်မှန်းခြေ ၁၄ ရက်လောက်ရှိနှင့်ပြီဖြစ်သည်။ အပြင်ဘက်တွင် မည်သို့မည်ပုံဖြစ်ပျက်နေမှန်း သူမ မသိပေ။

လက်ခုပ်ထဲရှိသလင်းကျောက်များအား သူမခါးထက်ရှိ နှင်းဆီ​ရောင်ရှုံ့အိတ်အတွင်းသိမ်းဆည်းလိုက်ပြီးနောက် ဂူရဲ့အစွန်း တံခါးဝမှာ ခွေကာလဲနေသော Rio ဆီသို့သွားလိုက်သည်။ Rio ၏ ခေါင်းနှင့်ခြေထောက်များသည် ချမ်းအေးမူကြောင့် ပုစွန်တုပ်ကွေး​
ကွေးထားရသည့်အတွက် ဘောလုံးပမာ လုံးဝန်းနေသည်။ သူမ Rio ရဲ့အတောင်ပံကိုပွတ်သပ်လိုက်သည့်အခါ Rio သည် ညည်းသံ သဲ့သဲ့ပြုသည်။ ထိုညည်းသံကြောင့် သူမ ယောင်မှားစွာ ခါးထက်ရှိရှူံ့အိတ်ဆီလက်လှမ်းသွားမိပေမဲ့ သူမ လက်ပြန်ရုတ်လိုက်သည်။ သူမ ထိုဖီးနစ်မီးလျှံကို လိုအပ်နေသေးသည်။ Rio ကို ပြန်ပေးရန်မှာမဖြစ်နိုင်။Rio အနေဖြင့် ဤသို့ဆက်၍ ခန္တာကိုယ်ကို ကွေးထားစေရုံမှတစ်ပါး အခြားနည်းမရှိတော့ဟု သူမကိုယ်သူမအယုံသွင်းလိုက်သည်။

Rio ၏ ကွေးထားသော ခေါင်းသည် ဆတ်ခနဲတစ်ချက်တုန်သွားသည်ကို အနီးတွင်ရှိနေသော သူမ လှမ်းမြင်လိုက်ရသည်။ ဂူအပြင်ဘက်တွင်တော့ အ​ငြိုးကြီးသော မိုးစက်များသဖွယ်တဖွဲဖွဲကျနေသော နှင်းဖွဲများမှ တစ်ပါး မမြင်ရပေ ။သို့သော် သူမ၏ မသိစိတ်မှ စေ့ဆော်မူကြောင့် လက်တစ်ဖက်တွင် အေးစေခဲစေတုတ်ကောက်အား အဆင်သင့်ကိုင်ဆွဲထားလိုက်သည်။ ဂူအတွင်းဘက် Rio ရဲ့ဘေးတွင်ရပ်ကာ ဂူအပြင်ဘက်ရှိလှုပ်ရှားမူများအား စောင့်ကြည့်နေပေမဲ့ မြူတစ်မှုန်မျှတောင်သံသယဖြစ်ဖွယ်အား
မမြင်တွေ့ရပေ။

Resinner : Resystem ( Complete )Wo Geschichten leben. Entdecke jetzt