9:1

2.9K 328 10
                                    

Arc 9 တွင်ပါဝင်သော အကြောင်းအရာများ ၊ လူပုဂ္ဂိုလ် ၊ ဘာသာရေးအဖွဲ့အစည်းများသည် စာရေးသူ၏ စိတ်ကူးယဥ် အတွေးသက်သက်သာဖြစ်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။

---------------

မျောလွင့်နေသော ခံစားမူတွင် နာကျင်မူပါ ကပ်လျက်ပါနေပြီးထုံးစံအတိုင်းအဆုံးမရှိသော ချောက်နက်အား ဖြတ်သန်းရသည်။
ယောက်ယတ်ခတ်နေသည့် စိတ်အလျင်ကို တည်ငြိမ်အောင်ထားကာ ကိုယ့်ကိုကိုယ် ထိန်းချုပ်လိုက်သည်။ ဘယ်ကို ရောက်မည်လဲဆိုတာ မသေချာပေမဲ့ ရောက်သည့်နေရာတွင်တော့ အကောင်းဆုံးနေရမည်။ သူလုပ်နိုင်သမျှ အကောင်းဆုံးတွေကို လုပ်ရင်းနဲ့ပေါ့ ။

တည်ရှိမူတစ်ခုဖြစ်ပေါ်လာသည်နှင့်အတူ
Avi သည် အခြားတစ်စုံတစ်ယောက်၏ ခန္တာကိုယ်ထဲသို့ရောက်ရှိသွားခဲ့ပြီး နာကျင်မူရှိသည် ဆိုသော်ငြားအရင်ကလောက် ပြင်းထန်မူမရှိသော နာကျင်မူကို ခံစားလိုက်ရသည်။avi ဝင်နေသည့်ခန္တာကိုယ်ပိုင်ရှင်က ဝင်သွားသည့်အချိန်တွင်မျက်စိမှိတ်လျက်ရှိနေတာကြောင့် avi လည်း
မျက်စိမှိတ်ထားလျက်ပင် ။ အကာအကွယ်စွပ်ထားသည့် လက်တစ်ဖက်တွင် တိရစ္ဆာန်အမွှေးကဲ့သို့ကြမ်းတမ်းပြီး ရုန်းကန်နေသည့်အရာနစ်ခုရှိကြောင်း သိလိုက်တဲ့အတွက် မျက်စိဖွင့်မိလိုက်တော့ သူ့ရဲ့ လက်ထဲတွင် ရုန်းကန်နေသည့်သက်လတ်ပိုင်းအရွယ် မိန်းမတစ်ယောက်ကိုတွေ့လိုက်ရပြီး သူ့မရဲ့ဆံပင်ကို ဆုပ်ကိုင်ထားသည့် avi လက်ရဲ့လက်ကို သူမရဲ့ လက်သည်းခွံစုတ်ပြတ်နေသည့် လက်နှစ်ဖက်ဖြင့် အားရှိသမျှ ဖယ်ခွာနေသည်။

ထို့အတူ avi ရဲ့အရှေ့ ဧည့်ခန်းတွင်ရှိသော ဆိုဖာပေါ်တွင် သူ့လက်ထဲရှိမိန်းမ၏ ယောကျာ်း ဖြစ်ဟန်ပုံပေါ်သည့် လူတစ်ယောက်ကလည်ပင်းတွင် ဓားတစ်ချောင်းစိုက်လျက်သား ဖြင့်သေဆုံးနေသည်။တစ်အိမ်လုံးအမှောင်ကျနေပေမဲ့မီးအိမ်ရဲ့ အလင်းရောင်အနည်းငယ်ကတင် ဒီမြင်ကွင်းကို မြင်နိုင်ဖို့လုံလောက်သည်။

Avi ဒီကမ္ဘာဒီအချိန်ကို ရောက်လာခဲ့သည့်ကိုယ့်ကိုကိုယ်သာကျိန်ဆဲလိုက်ချင်သည်။ စောနကလေးတင်
သူလုပ်နိုင်သမျှ အကောင်းဆုံးတွေလုပ်ပြီးရှင်သန်မည်ဟု ဆုံးဖြတ်ခဲ့သည်။ များမကြာမီမှာဘဲ သူ့ရဲ့လက်ထဲတွင် ရုန်းကန်နေသည့် မိန်းမတစ်ယောက်ရောက်လာခဲ့သည်။ ကံဆိုးမူကချီးလိုဘဲ ၊ မပါဘဲနေလို့မရဘူး ။ ချီး... ချီး...ချီး...။

Resinner : Resystem ( Complete )Where stories live. Discover now