9:11

1.3K 239 19
                                    

" Darling ဆုံးပြီ "

ရောက်ရောက်ချင်း အစ်ကိုအေ ကကမ်းပေးနေကျ
ကော်ဖီနွေးနွေးလေး နှစ်ခွက်ဝေပေးရမည့်အစား
အဖြူရောင် နာရေးဖိတ်စာ တစ်ခုကို အစားထိုးပေး
ခဲ့သည်။

" ဘယ်လိုဖြစ်တာလဲ "Darling ဆိုတဲ့မိန်းမငယ်လေးကို သူရင်းနှီးသည်ဟု ပြောလို့မရတာကြောင့် သူ့ရဲ့ဒီအေးဆေးတဲ့ တုံ့ပြန်မူက မထူးဆန်းပေ ။

" သတ်သေတာ "

" သတ်သေတာ " avi ပါးစပ်မှ ထွက်လာတာမဟုတ်ဘဲ ယံနောင်ဆီမှ ထွက်လာသည့်စကားသံဖြစ်သည်။ avi မျက်ခုံးပင့်လျက် သူ့ လက်ထဲရှိ မဖတ်ရသေးသော နာရေးဖိတ်စာကို ဖတ်လိုက်၏ ။
( မအေးချမ်းဖြိုး အသက်၂၆ နှစ် )
လွန်စွာရင်းနှီးနေသည့် ဒီအေးချမ်းဖြိုးဆိုသည့်အမည်ကို avi မှတ်ဉာဏ်ထဲမှ နှိုက်ထုတ်ကာ စဥ်းစားလိုက်သည်။ အေးချမ်းဖြိုးဆိုသည့် မိန်းမငယ်လေးမှာ မူလဉာဏ်ကောင်းမြတ်အောင်၏ အနာဂတ်မိတ်ဆွေကောင်းတစ်ယောက်။ နာမည်အတိုင်း အနာဂတ်မိတ်ဆွေတစ်ယောက်ပင် ။

ဉာဏ်ကောင်းမြတ်အောင်နှင့် သူမ စတင်တွေ့ဆုံခဲ့သည့်အချိန်က Darling က Tran တစ်ယောက်အဖြစ်ပြောင်းလဲပြီးခဲ့ပြီဖြစ်ပြီးဉာဏ်ကောင်းမြတ်အောင်မှ Darling ဟာ ယောကျာ်းလေးတစ်ယောက်လို့သာ သိထားခဲ့သည်။ထို့အပြင် ယောကျာ်းလေးအေးချမ်းဖြိုးနှင့် မိန်းကလေး အေးချမ်းဖြိုးသည်လွန်စွာခြားနားလှသည်။ အမူအကျင့်များက အစကွဲပြားသည်။ ထို့ကြောင့် ပထမဆုံးစတွေ့ခဲ့တဲ့အချိန်နှင့် နောက်ပိုင်းအချိန်များတွင် Darling ကို မူလဉာဏ်ကောင်းမြတ်အောင်၏ အနာဂတ်မိတ်ဆွေမှန်းavi မသိခဲ့ခြင်းပင်။

သို့သော် ယခုတွင်မူ ဒီအနာဂတ်မိတ်ဆွေအလောင်းအလျာလေးက သေဆုံးသွားခဲ့သည်။
ကိုယ့်ကိုကိုယ်သတ်သေခြင်းဟုသော ခေါင်းစဥ်ဖြင့်သေဆုံးသွားခဲ့သည်။

" ဒီဖိတ်စာ အစ်ကိုအေ ကို ဘယ်သူပေးခဲ့တာလဲ "

" အန် ပေးတာ "

" အန်က ပေးတယ် "

" ဟုတ်တယ်။ Darling နဲ့ အန်နဲ့က
မောင်နှမအရင်းတွေလေ "

Avi သူသိလိုက်ရသည့်သတင်း အချက်အလက်အသစ်ကို ဦးနှောက်ထဲတွင် ရေးမှတ်ထားလိုက်သည်။

Resinner : Resystem ( Complete )حيث تعيش القصص. اكتشف الآن